32.

5.3K 505 4
                                    

Winner
Ep _ 32

"ဝုန်း "

"အ သေပါပြီ ဝဏ္ဏရာ ကုတင်ပေါ်က ကန်ချရသလား "

ဝဏ္ဏက ဘာမှမပြောသေး ။ ပါးလေးတွေ ရဲပြီး မျက်လွှာချထားလေသည် ။

"မင်း ...မင်း ... ရှက်နေတာလား "

"သေလိုက်လေ ! "

ကျွန်တော့်ကို တွန်းတိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားသော ဝဏ္ဏကို ကြည့်ပြီး တခွိခွိနှင့် ရယ်နေမိသည် ။

"ငါတွေ လုပ်နေမိတာလဲ "

တစ်ခါလေတော့လည်း ကျွန်တော် ကိုယ်တိုင် ဘာတွေ လုပ်နေမိမှန်းမသိ ။ ကျောင်းပွဲ ရှိတာကို King ဖြစ်တဲ့ ကျွန်တော်က ဒီမှာ လာပြီး အချိန် ဖြုန်းနေသည် ။ 

မှန်ထဲမှ မြင်နေရသည့် ပုံရိပ်ကို အလန့်တကြား ကြည့်မိသည် ။ တွန့်ကြေနေသော အဝတ်များနှင့် ရှုပ်ပွနေသော ဆံပင်ပုံစံ ။ အနံ့ကလည်း ဆိုးဆိုးရွားရွား ။

"ငါတော့ ရူးနေပြီ "

ဝဏ္ဏ ရေချိုးပြီး ထွက်လာတော့ အချိန်က အတော်လေး နောက်ကျနေပြီ ။

"ကျောင်းသွားဦးမှာလား ဝဏ္ဏ "

"ဟေး အဖြူကောင် ရူးနေတာလား ? မသွားလို့ ရမလား "

"ငါတော့ မသွားချင်တော့ဘူး "

ဝဏ္ဏမျက်မှောင်ကြုံ့ပြီး စိတ်ပျက်သလို ကြည့်သည် ။

"ဒီမှာ မင်းက King ဖြစ်နေပြီးတော့ ဘယ်လို စိတ်ဓာတ်လဲ "

"ဘာ ! "

"အလုပ် တစ်ခုကို ကိုယ်တာဝန်ယူထားပြီး အခုလို ပျက်ကွက်လို့ ရမလား ? "

"နေပါဦး  ....ငါက ဘယ်သူ့ကြောင့် ... အိုခေ ထားတော့ သွားမယ် "

တစ်ယောက်တည်းဆို ဒီချိန် ကျောင်းတောင် ရောက်နေလောက်ပြီ ။ ဘယ်သူ့ကြောင့် ဒီလို ဖြစ်နေတာလဲ ...။

"ဘယ်ကို သွားနေတာလဲ "

စုတ်ပြတ်သတ်နေသည့် ပုံစံဖြင့်သာ အိမ်ကနေ ထွက်ခဲ့လိုက်သည် ။ ဒါကို ဝဏ္ဏ ဆိုတဲ့ကောင်က အလိုက်မသိ လာပြီး မေးနေသေးသည် ။

"Beauty salon "

》》》》》》》》》

ဝိုင် ကျောင်းရောက်သည်နှင့် ခန်းမတွင် လူတွေဖြင့် ရှုပ်ယှက်ခက်နေသည် ။ လူတွေ မြင်သည်နှင့် အလိုလို ခေါင်းတွေ မူးလာသည် ။ ပွဲအစီအစဉ်တွေက စတင် နေပြီ ဖြစ်သည် ။

Winner ? Where stories live. Discover now