(Unicode)
Wang JiuHan လို့ခေါ်တဲ့ Yibo ရဲ့ အဖေက XiaoZhan ကို ဖိုင်တစ်ခု လှမ်းပေးတယ်။
"နောက်ဆုံးတစ်ခေါက် ဦးတို့တွေ့တုန်းက မင်း Yibo ကို အရမ်းမုန်းနေခဲ့တာ။ အဲဒါကိုလည်း မင်းမှတ်မိမှာ မဟုတ်လောက်ပါဘူး။ ဦးတို့ကိုတောင် မမှတ်မိတာဆိုတော့"
"ဒါက Yibo ပြောခဲ့တဲ့ ကျွန်တော့်အပေါ် အပြစ်လုပ်မိတယ်ဆိုတဲ့ကိစ္စနဲ့ ဆိုင်လား"
XiaoZhan က file ကို လှမ်းယူရင်းမေးလိုက်တယ်။
"Yibo မင်းကို ပြောပြတယ်လား"
WangJiuHan ရဲ့ မျက်နှာက အင်မတန်အံ့ဩသွားတဲ့ပုံပဲ။
"ဘာလဲတော့ မပြောပြဘူး။ ဒီအတိုင်းအပြစ်လုပ်မိတယ် ပဲ ပြောတယ်။ ဘာကိစ္စလဲ ဦးတို့ ပြောပြလို့ရမလား"
"အဲဒီ file ထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စအားလုံးပါတယ်။ သား ပြီးရင် ကြည့်လိုက်ပါ"
ဒီတစ်ခါဝင်ပြောတာက Wang Yibo ရဲ့ အမေ။
သူမက ဆက်ပြောတယ်။
"နောက်ဆုံးတစ်ခေါက်တုန်းက မင်းတောင်းဆိုခဲ့တာရှိတယ်။ Yibo ကို မင်းရှေ့ ပေါ်မလာပါစေနဲ့ တဲ့။ ဒါပေမယ့် သားရယ် Yibo က မင်းကို လိုအပ်တယ်"
သူမရဲ့ စကားကြောင့် ခုနက အခန်းထဲက ထွက်မသွားခင် Yibo ပြောခဲ့တာတွေကို သတိရပြီး သူ့မျက်နှာက ချက်ချင်းရဲတက်လာတယ်။
"Ming er တော်သင့်ပြီ။ XiaoZhan ကို ပင်ပန်းအောင် မလုပ်ပါနဲ့တော့"
WangJiuHan က သူ့ဇနီးကို ဝင်တားတယ်။
"အဲဒီနေ့က Yibo မင်းရှေ့ပေါ်လာတာ မမျှော်လင့်ဘဲ ဖြစ်သွားတာပါ။ ခု သူ့ကို ဦးတို့အိမ်ပြန်ခေါ်သွားမယ်။ ဒါတောင် အဆင်မပြေသေးရင် သူ့ဦးလေးရှိတဲ့ Korea ကို ပို့လိုက်မယ်။ ဒါပေမယ့် တကယ်လို့များ..."
WangJiuHan က ဘယ်လိုစကားဆက်ရမလဲ မသိတဲ့ပုံနဲ့ ခဏ ရပ်တယ်။ နောက် XiaoZhan ကို တစ်ချက်ကြည့်ပြီး ဆက်ပြောတယ်။
"တကယ်လို့များ မင်းသူ့ကို... အင်း... သူ့ကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမယ့် မင်းဘေးနားမှာ သူရှိနေတာ အနှောက်အယှက်မဖြစ်ဘူးဆိုရင်.. "
YOU ARE READING
You Are My Life