.. ၇၅ ..
17.8K 1.9K 30
《Zawgyi》
အပိုင်း - ၇၅
[ချင်းကွမ်းချန်၏ သံသယများ]
ချင်းမိသားစုနှင့် နောက်ဆုံး စကားစမြည် ပြောဆိုပြီးသွားသည့်အခါမှသာ ချန်းစီနျန်လည်း အခြားသော ဧည့်သည်တွေကို ဟန်ဆောင်နှုတ်ဆက်နေရခြင်းကနေ လွတ်မြောက်တော့လေ၏။
သိပ်မကြာခင်မှာပဲ ချင်းကွမ်းချန်က ချန်းစီနျန်နှင့် စကားပြောဖို့အတွက် အခွင့်အရေးတစ်ခါလောက် ရရှိခဲ့လေသည်။ နောက်ဆုံးမှာတော့ ဧည့်ခံပွဲရှိ ဧည့်သည်များ ရှင်းလင်းလွတ်လပ်ကာ ဘေးမှာလူမရှိပဲ တစ်ယောက်ထဲဖြစ်နေတဲ့ တစ်ကြိမ်မှာ သူက ချန်းစီနျန်၏အနားသို့ လျှောက်သွားလိုက်သည်။ သူက ယုံကြည်မှုရှိရှိဖြင့် အနီရောင်ဝိုင်ခွက်အား သူ့လက်ချောင်းများကြား၌ ငြိမ်အောင်ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်း ဘာလုပ်ချင်နေတာလဲ?"
ချင်းကွမ်းချန်ရဲ့ မေးခွန်းကို ကြားလိုက်တဲ့ တခဏမှာ ချန်းစီနျန်က နောက်ကျောဘက်သို့ လှည့်နေတာဖြစ်၏။ သူက ချင်းကွမ်းချန်ကို မျက်နှာချင်းဆိုင်ရန်အတွက် ပြန်လှည့်ကြည့်လိုက်ပြီး သူ့လိုပဲ သက်တောင့်သက်သာ လေသံဖြင့် မေးလိုက်သည် "ဘာကို ဆိုလိုတာလဲ?"
"ငါ့ရဲ့ညီမလေးကို Aမြို့ကနေ ပြန်လာအောင်လို့ လှည့်စားနေတာကိုလေ ... ဒါတွေအကုန်ပြီးသွားတာတောင်မှ ချန်းမိသားစုက တစ်ခုခုကို မကြံစည်နေပါဘူးဆိုတာကို ငါ့ကို ယုံကြည်ခိုင်းနေတာလား?"ချင်းကွမ်းချန်ကသာ မကြာသေးခင်က သတိထားမိခဲ့မည်ဆိုပါလျှင် ချင်းစုယွဲ့အား ဒီကို အပြေးအလွှား ပြန်လာခွင့် ပြုခဲ့လိမ့်မည် မဟုတ်ချေ။
"အဟက်" ချန်းစီနျန်က လှောင်လိုက်သည်။ ဒါပေမယ့် သူက တစ်ခုမှ မငြင်းပယ်ခဲ့ပေ။ "ချန်းမိသားစုက တစ်ခုခုကို ဖုံးကွယ်ထားပြီးလုပ်နေတယ်လို့ မင်းက သွယ်ဝိုက်ပြောနေပေမယ့် ဒီမှာ အချိန်တွေ ကုန်ဆုံးနေပြီးတာတောင်မှ ဘယ်လို သက်သေအထောက်အထားမျိုးကို ရသွားလို့လဲ?"
ချင်းကွမ်းချန်က တစ်ညလုံး အစွန်းအဖျားမှာ ရှိနေသော်လည်း ဘယ်သက်သေကိုမှ ရှာမရခဲ့ပေ။ အဲဒါကြောင့်ပဲ သူကိုယ်တိုင် ချန်းစီနျန်ကို စမ်းသပ်ကြည့်ရတာ ဖြစ်လေသည်။