《Zawgyi》
အပိုင်း - ၇၆
[လိုင်မိန်းကလေးနှင့် ချန်းစီနျန်]ကျုံချင်းက ချင်းစုယွဲ့အား သူမနှင့်အတူတူ အဝတ်အစားတွေ ရှောပင်းထွက်ဖို့ ပြောခဲ့ပြီးတော့ ချင်းစုယွဲ့က သူမရဲ့ဓမ္မတာကြောင့် ဘာမှကို မလုပ်ကိုင်ချင်ပဲ ပျင်းရိနေခဲ့သဖြင့် ကျေးဇူးတင်မိလေသည်။ တစ်လမ်းလုံးမှာ သူမက ကိုယ်ရေးအရာရှိတစ်ယောက်လို့ကို ပင်ကိုအားဖြင့် ယူဆထားလေ၏။ သူမက ကျုံချင်းအား အိတ်တွေသယ်ပေး အဝတ်အစားတွေရွေးပေး သင့်တော်သည့်နေရာမှာ အကြံဥာဏ်ပေးခြင်းတွေကိုပါ လုပ်ပေးလေသည်။
ကျုံချင်းက အဝတ်တွေ တပြုံတမကြီး ဝယ်ယူပြီးသွားတော့ သူမတို့နှစ်ယောက်မှာ လက်မောင်းတွေချိတ်လျက် အေးအေးဆေးဆေး လျှောက်ပတ်ကြည့်ရှုကြပြီး ချင်းစုယွဲ့ရဲ့ ကူညီပေးမှုအတွက် တစ်ခုခုဝယ်ကျွေးရန်အတွက် ကျုံချင်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။ "ကောင်းတာပေါ့" ချင်းစုယွဲ့က ပြန်ပြောလိုက်၏။ သူမက တုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ သဘောတူလိုက်လေသည်။
ကျုံချင်းက သူမအား အနောက်တိုင်း အသားကင်ဆိုင်တစ်ခုသို့ ခေါ်သွားပြီး စားစရာတွေ မရောက်လာသေးခင်မှာ စကားစမြည် ပြောဆိုနေကြသည်။ ကျုံချင်းက ပြုံးလိုက်ရင်း မှတ်ချက်ချ၏။ "နင် ဒီနွေရာသီကို ပြန်လာမယ်လို့ ငါ ထင်မထားခဲ့ဘူးဟ"
ချင်းစုယွဲ့က ပြန်မပြောသေးခင်မှာ ရေတစ်ငုံကို သောက်လိုက်သည် "ငါက ပြန်မလာချင်ပေမယ့် လှည့်စားခံလိုက်ရတယ်လေ"
"ဘယ်သူကလဲ?"
ချင်းစုယွဲ့က ဝမ်ယဉ်းလင်နှင့် ပိုင်နဉ်းကို တွေးမိလိုက်သည်။ သူမက ခေါင်းကို အားကိုးရာမဲ့ ခါလိုက်ကာ သက်ပြင်းချပြီး "ဘာမှမဟုတ်တော့ပါဘူး! ပြောရင် အရှည်ကြီးပဲ ဖြစ်သွားလိမ့်မယ်"
ကျုံချင်းက ခေါင်းကိုမော့လိုက်တော့ အထဲကို ဝင်လာနေတဲ့ မိန်းကလေးနှစ်ယောက်ကို တွေ့မြင်လိုက်သည်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်မှာ ဂျင်းအတိုနှင့် အပေါ်က အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားကာ သူမရဲ့ နေကာမျက်မှန်ကို ချွတ်လိုက်၏။ ကျုံချင်းက ချင်းစုယွဲ့အား သူမ မကြာသေးခင်က ဘာတွေလုပ်နေသလဲဆိုတာကို မေးမြန်းမလို့ ပြင်နေခဲ့သော်လည်း နေကာမျက်မှန်ကို ချွတ်လိုက်တဲ့ မိန်းကလေးကို အကဲဖြတ်စစ်ဆေးရန်အတွက် ရပ်တန့်လိုက်သည်။ ကျုံချင်းမှာ ချင်းစုယွဲ့အနားသို့နီးကပ်ဖို့အတွက် စားပွဲတွင် ကိုယ်ကိုကိုင်းညွှတ်ကာ လေသံတီးတိုးဖြင့် "ဟိုဖက်ကို ကြည့်လိုက် လိုင်မိန်းကလေးရဲ့ဘေးက ဂျင်းဘောင်းဘီအတိုနဲ့ ကောင်မလေးက ငါတို့ကျောင်းကမလား? သူ့ကိုကြည့်ရတာ အရမ်း ရင်းနီးနေတယ် ... ငါ အရင်တုန်းက သူ့ကို ကျောင်းမှာမြင်ဖူးတယ်လို့ ခံစားနေရတယ်ဟ"
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ဂ...