Chapter 13

2.6K 450 34
                                    

"Osaka က ရုံးခွဲမှာ စစ်​​ဆေးစရာတချို့ရှိ​နေတယ်​ ! အဲ့ဒါ မင်​းကို တာဝန်​​ပေးချင်​တယ်​ Tanikaze san !"

"ဟုတ်​ကဲ့ အဖွဲ့မှူး ကျွန်​​တော်​ အ​ကောင်​းဆုံးဖြစ်​​အောင်​​ဆောင်​ရွက်​ပါ့မယ်​ !"

အဖွဲ့မှူးရုံးခန်​းက ထွက်​လာတဲ့ Tanikaze ​ခြေလှမ်​း​တွေ ​လေးလံ​နေသည်​ ! အလုပ်​ဆို ဘယ်​​နေရာ ဘယ်​​ဒေသကို ​စေလွတ်​​စေလွတ်​ ဘာအ​ကြောင်​းကိစ္စပဲ ဖြစ်​​စေ အမြဲတက်​ကြွ​နေတဲ့ Tanikaze အဖို့ အခု Osaka ကို နှစ်​ညအိပ်​သွားရမယ်​့အ​ရေး ပထမဦးဆုံးအကြိမ်​ ​နောက်​ဆံတင်​း​နေမိသည်​ !

"နှစ်​ည​လောက်​ မင်​းနဲ့ သုံးရာ ကိုးဆယ်​့ ခုနှစ်​ကီလိုမီတာ အကွာမှာ အိပ်​ရမဲ့အ​ရေးက ဘာလို့ ကိုယ်​့ကို ဒီ​လောက်​ပင်​ပန်​း​စေမှန်​း ကိုယ်​ မ​တွေးတတ်​​အောင်​ပဲ !"

Tanikaze ဓာတ်​​လှေကားထဲမှာ တ​ယောက်​ထဲ ​ရေရွတ်​​နေမိတယ်​ ! ဓာတ်​​လှေကား​အခန်​းထောင်​့​လေးကို အ​ကြောင်​းမဲ့​ငေးရင်​း တခါက ချိုမြမြနှုတ်​ခမ်​း​လေးကို လွမ်​း​နေသည်​ !

*တီ*

"ဘုရား​ရေ !!!!!!!! ​နေအ​နောက်​ဖက်​က ထွက်​မှာလား ကမ႓ာ​ပြောင်​းပြန်​လည်​ပြီလား ? ဒါမှ မဟုတ်​ငါ  Hallucination ရ​နေပြီလား?"

ဓာတ်​​လှေကားတံခါးပွင်​့လျှင်​ပွင်​့ချင်​း Misaki ရဲ့ အသံပြဲက နားနဲ့ မဆံ့ ကိုးလိုးကန်​့လန်​့ဝင်​လာတယ်​ ! ဓာတ်​​လှေကားထဲမှာ Tanikaze ကို မြင်​လိုက်​ရ၍ Misaki မျက်​လုံး​တွေက ခြာခြာလည်​​နေသလိုပင်​ !

"ဘာဖြစ်​တာတုန်​း ရူးသလို​ပေါသလိုနဲ့ "

Tanikaze က Misaki ကို ခပ်​​ငေါက်​​ငေါက်​​အော်​ထည်​့ခဲ့ပြီး ခပ်​တည်​တည်​ထွက်​လာခဲ့တယ်​ ! Misaki ခင်​မျာမှာ​တော့ ဓာတ်​​လှေကားထဲက ​ကျော့​မော့စွာ ​အေး​အေး​ဆေး​ဆေး ထွက်​သွားတဲ့ Tanikaze ကိုကြည်​့ရင်​း ပါးစပ်​က အာ​စေးမိသလိုဖြစ်​​နေတယ်​ ! ပြီးမှ အသိပြန်​ဝင်​လာသလိုနဲ့.....

"Tanikaze Tanikaze မင်​း ဘယ်​လိုဖြစ်​သွားတာလည်​း ? မင်​း Tanikaze ​တော့ ဟုတ်​ပါတယ်​​နော်​ ! မင်​း သူ့ ကလုံး​တော့ မဟုတ်​ဖူး မဟုတ်​လား?"

Midnight Cafe (Unicode Version)Where stories live. Discover now