I'll Be Your Man - 20

7.8K 858 52
                                    

[ Unicode ]

​အခန်းထဲကထွက်လာပြီး ​လှေကားဆင်းလာသည့်တ​လျှောက်လုံး ဆူဆူညံ့ညံ့အသံ​တွေကို Baekhyunကြားလာရသည်။
တခြား​တော့မဟုတ်...။
Parkအိမ်​ထောင်ဦးစီး​လေးရဲ့ အသံပင်ဖြစ်သည်။

"ကျွန်​တော် သေချာမှာခဲ့တယ်မဟုတ်လား!"

*ဒုန်း*

ထမင်းစားခန်းထဲဝင်ခါနီးတွင်ကြားလိုက်ရ​သော Chanyeol​အော်သံနှင့် စားပွဲခုံကိုထုလိုက်​သော အသံ​တို့ကြောင့် တုန်​တောင်သွားမိသည်။

နှစ်လှမ်းမျှထပ်​လျှောက်လိုက်​သောအခါ ထိုင်ခုံတွင်ထိုင်​နေ​သောChanyeolကို​တွေ့လိုက်ရသည်။
Chanyeolနဲ့ မျက်နှာချင်းဆိုင်​တွင်​တော့ အန်တီကြီးတို့လင်မယားနှစ်​ယောက်နှင့် Minaတို့ မတ်တပ်ရပ်​နေကြသည်။
သုံး​ယောက်လုံးဟာ ​ခေါင်းငုံ့ထားလျက်ရှိပြီး Chanyeolမျက်နှာက​တော့ တင်းမာ​နေသည်။

"​သေချာမှာထားရက်သားနဲ့ Baek ​ဆေးရုံတက်တာကို ကျွန်​တော်မသိလိုက်ရဘူး!"

ကိုယ့်နာမည်ပါ ပါလာပြီမို့ Chanyeol​ဒေါသထွက်​နေရသည့်အ​ကြောင်းကို သ​ဘော​ပေါက်လိုက်သည်။

Chanyeolက သူ​ဆေးရုံတက်ရတာကို တစ်​ယောက်မှမ​ပြောကြလို့ စိတ်တို​နေတာပဲ...။

"ခင်ဗျားတို့​တွေ အလုပ်ထွက်မလား"

ကြားလိုက်ရ​သောစကား​ကြောင့် အိမ်ချင်မ​ပြေ​သေး​​သော Baekhyunမျက်လုံးတို့သည် ချက်ချင်းကိုပြူးကျယ်ကုန်ရသည်။

မဖြစ်​တော့...။
Baekhyunဝင်ပါမှဖြစ်​တော့မည်။
သူ့​ကြောင့် အပြစ်မရှိတဲ့ အန်တီကြီးတို့ကို အလုပ်ပြုတ်မခံ​စေချင်သလို...
​သေချာမသိပဲ စိတ်တို​နေ​သော Chanyeolကိုလည်း ငရဲမကြီး​စေချင်​တော့ဘူး။

"​​မောင်ရာ... ဘာ​တွေအဲ့​လောက်ဆူညံ​နေတာလဲ
​မောင့်အသံ​ကြောင့် ငါ ဆက်အိပ်လို့​တောင်မရ​တော့ဘူး"

Chanyeolရဲ့​ဘေးတွင်ဝင်ထိုင်ရင်း​ Baekhyun​ပြောလိုက်​တော့ Chanyeolရူးရူးရှဲရှဲဖြစ်​နေရာမှ နည်းနည်း​တော့ငြိမ်ကျသွားသည်။

"ဟို... အကို​​လေး..."

"အလုပ်ထွက်​တော့!"

"​​​မောင်"

~ I'll Be Your Man ~ Where stories live. Discover now