.. ၇၇ ..
17.4K 1.9K 53
《Zawgyi》
အပိုင်း - ၇၇
[ ပြန်ပေးဆပ်ခြင်း - ၁ ]
ချင်းစုယွဲ့က ကျုံချင်းရဲ့ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေသော မျက်ဝန်းတွေအား ကြည့်လိုက်ပြီး လည်ချောင်းရှင်းကာ မသိမသာဖြင့် စကားလွှဲရန် ကြိုးစားလိုက်သည်။ "ဒါက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝလေ ... ငါတို့ တစ်ကယ်ကို စိတ်မဝင်စားသင့်ဘူး"
ကျုံချင်းမှာ သူမကို ဝေခွဲရခက်စွာ ကြည့်လိုက်မိပေမယ့် နောက်ဆုံးမှာတော့ စကားလမ်းကြောင်းပြောင်းဖို့သာ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပဲ စားစရာတွေ ရောက်လာ၏။ ကျုံချင်းက အသားကင်ကို လှီးနေရင်းမှ ရုတ်တရက် အံအားသင့်စွာဖြင့် "ငါ နောက်ဆုံးတော့ ဟိုကောင်မလေးကို မှတ်မိသွားပြီ! လိုင်မိန်းကလေးနဲ့ အတူတူပါလာတဲ့ ကောင်မလေးကို နင်သိလား? သူက ရှီရှီလေ! ဟိုရှီရှီ __ အနုပညာဌာနက!"
"ရှီရှီ?" ချင်းစုယွဲ့က ထိုနာမည်အား ပြောလိုက်ရင်းမှ သူမ၏ မျက်ဝန်းတွေမှာ အံ့အားသင့်မှုနှင့်အတူ တဖြည်းဖြည်း ပြူးကျယ်လာတော့၏။
"ဟုတ်တယ် ရှီရှီ .. ရှီမိသားစုရဲ့ သမီးလေ ... ကျောင်းမှာ သူ့ရဲ့ဂုဏ်သတင်းကို ငါကြားရသလောက်က သိပ်တော့ မကောင်းနေဘူး"
"အဲ့တာဆို သူ့ရဲ့ မျိုးရိုးနာမည်က ရှီ ပေါ့" ချင်းစုယွဲ့က ဝတ္ထုထဲမှာ ထိုမိန်းကလေးလည်း တစ်ကြိမ်နှစ်ကြိမ်လောက် ပါလာခဲ့ဖူးတာကို ရုတ်တရက် သတိရသွားသည်။ ရှီရှီက အရံဇာတ်ပို့ မိန်းကလေးဇာတ်ဆောင် တစ်ယောက်ဖြစ်ပြီး ချန်းစီနျန်က သူမကို တော်တော်လေး မနှစ်သက်လှပဲ မကြာခဏ ဒုက္ခပေးလေ့ရှိ၏။
ချင်းစုယွဲ့ ဒီဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာချိန်က သူမအား လှေကားပေါ်က တွန်းချခဲ့သူမှာ ရှီရှီဖြစ်ကြောင်း ကောင်မလေးတစ်ယောက်က နှုတ်မှလွှတ်ခနဲ ထွက်သွားတာကို ကြားခဲ့ရသည်ကိုပါ ရှင်းရှင်းလင်းလင်းကြီး မှတ်မိသွားတော့သည်။
"သူ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ချင်းစုယွဲ့ဟာ အမြဲတမ်း မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး လက်တုံ့ပြန်တတ်သော လူမျိုးဖြစ်ပေမယ့် သူမအား ဘယ်လိုပြန်လည် တုန့်ပြန်ရမယ်ဆိုတာကိုတော့ အကြာကြီး တွေးတောမနေချေ။ စတင်ဖို့အတွက် သူမမှာ လုံးဝကို အတွေ့အကြုံရှိမနေခဲ့ပေ။