.. ၇၈ ..
17.6K 1.9K 34
《Zawgyi》
အပိုင်း ၇၈
[ ပြန်ပေးဆပ်ခြင်း - ၂]
အကယ်၍ သူမသာ လက်စာချေလိုလျှင် ထင်ထားသလောက်တောင် ခက်ခဲမည့်ပုံ မပေါ်ချေ။
ချင်းစုယွဲ့ဟာ သူမ ရှီရှီ့ကို ဘယ်လိုဘယ်ပုံ ပြန်ပေးဆပ်စေလိုလဲဆိုတာကို အသေအချာ ချင့်ချိန်စဉ်းစားကြည့်နေစဉ်မှာပဲ သူမရဲ့ အနောက်မှ ရှီရှီရဲ့ စကားသံကို ကြားလိုက်ရ၏။ "အရမ်း စိတ်ကြီးဝင်သလို လုပ်မနေဖို့ နင့်ကို ငါသတိပေးလိုက်မယ်! ငါနဲ့ အတူရှိနေတဲ့ တစ်ယောက်ကို နင်သိမှာပါ ချန်းစီနျန်က သူမနဲ့ပက်သတ်တဲ့ ကောလာဟလသတင်းတွေကို ငြင်းခဲ့ရင်တောင်မှ ငါ့ညီအစ်မဝမ်းကွဲက သူနဲ့ ဒိတ်နေတုန်းပဲနော် ... အရင်တုန်းကလဲ သူနဲ့ အတူတူ စားသောက်ခဲ့ကြပြီးတော့ ချန်းအိမ်တော်ကိုလဲ တံခါးမရှိ ဓားမရှိ လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရတယ် ... ဘိုးဘိုးချန်းဆို သူ့ကို အရမ်းသဘောကျတာ ...နောက်ကျသည်ဖြစ်စေ စောသည်ဖြစ်စေ သူကပဲ ချန်းစီနျန်နဲ့ လက်ထပ်မယ့်သူ ဖြစ်လာမှာ"
ချင်းစုယွဲ့မှာ ရှီရှီ့ရဲ့စကားတွေကို ထပ်နားမထောင်လိုပေမယ့် သူမ စိတ်အားထက်သန်စွာ တက်တက်ကြွကြွနဲ့ ပြောနေတာကို ကြားနေရသေးလေသည်။ "ချန်းစီနျန်က ငါ့ရဲ့တစ်ဝမ်းကွဲညီမကို လက်မထပ်ရင်လည်း စီနီယာရှန့် ရှိသေးတယ်နော် ... အဲဒါကြောင့် နင် ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်ဘူးဟဲ့"
ချင်းစုယွဲ့က ထိုထင်မြင်ချက်အား ရယ်မောမိလိုက်ပြီး သူမအနားမှ အဝေးသို့ လှည့်ထွက်သွားလေသည်။
ချန်းစီနျန်က ဘယ်သူနှင့် ရှိရမှာလဲဆိုသည်က သူမနှင့် ဘာမှကို မသက်ဆိုင်ပေါင်။
ချင်းစုယွဲ့ ပြန်ရောက်တော့ ကျုံချင်းက စားပြီးသွားတာကို တွေ့လိုက်ရတဲ့အခါ သူမက မေးလိုက်၏။ "ငါတို့ သွားကြတော့မလား?"
"အင်း ကောင်းပြီလေ" ကျုံချင်းကတော့ ကန့်ကွက်စရာမရှိပေ။ လမ်းမှာ သူမက ချင်းစုယွဲ့အား ... "နင် ရှီရှီ့ကြောင့် ဒုက္ခရောက်ခဲ့ရသေးလားဟင်? နင်သွားပြီးတော့ သူလည်း သန့်စင်ခန်းကို ထွက်သွားတာကို ငါတွေ့လိုက်သေးတယ် ... ဟဲ့ သူက နင့်ကို အတည်ကြီး ဒေါသထွက်နေတဲ့အကြည့်တွေ ပစ်လွှတ်နေတာနော်"