part 10

7.4K 643 28
                                    

Xiao chan သန်စင်ခန်းထဲဝင်မယ်လုပ်တုန်း zhange ပြေးထွက်လာတာမြင်လိုက်တယ် ပြီးတော့နောက်ကနေ yibo လည်းပြေးလိုက်လာတော့ သူတို့ဘာများဖြစ်တာလဲဆိုပြီးသိချင်တာနဲ့နောက်ကနေလိုက်လာခဲ့တယ် အခန်းထဲရောက်တော့ geကလွယ်အိတ်ယူပြီးကျောင်းခန်းထဲကနေထွက်သွားတယ်
ထို့နည်းတူyiboလည်းသူ့လွယ်အိတ်ယူပြီးgeနောက်ကိုလိုက်သွားတော့

ဟင်ge ဖျားနေတာများလား
ငါလည်းလိုက်သွားတာကောင်းပါတယ် geတစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မှာလဲ

လိုက်လာနေတုန်းလမ်းတစ်ဝက်ရောက်တော့ yibo  zhan ge လက်ကိုဆွဲယူလိုက်တော့ geကအတင်းရုန်းနေတယ်

လမ်းမလယ်မှာအဲ့လိုရန်ဖြစ်တာမကောင်းပါဘူးဆိုပြီးကိုယ်ကသွားတားမယ်လုပ်တော့

Xiao zhan.မင်းဘာလုပ်နေတာလဲ ငါ့လက်ကိုလွှတ်

Yibo.ကိုယ်ပြောပြီးပြီလေကိုယ်မင်းကိုသဘောကျတယ်လို့

ဟင်....yibo က geကိုသဘောကျနေတာ

Xiao zhan.မင်းရူးနေတာလား.... လူတေအများကြီးနဲ့မင်းမရှက်ဘူးလား ငါ့လက်ကိုလွှတ်လို့ပြောနေတယ်

Yibo.လူတစ်ယောက်ကတခြားလူတစ်ယောက်ကိုသဘောကျတာဘာရှက်စရာရှိလဲ

Xiao zhan.မင်းမရှက်ပေမယ့်ငါရှက်တယ် လူလူခြင်းမှန်ပေမယ့်ငါတို့နှစ်ယောက်လုံးကယောကျာ်းလေးတေ မင်းသိလား ငါကယောကျာ်းလေးအချင်းချင်းကြိုက်တာတေကိုအရမ်းရွံတယ်ဆိုတာ

ရွံတယ်...ရွံတယ်

Yibo.ဟက်....ကောင်းပြီလေ.... မင်းကရွံတယ်ဆိုတော့လည်း

Yibo သူကိုင်ထားတဲ့ xiao zhan လက်ကိုအမြန်လွှတ်ပေးလိုက်တယ်

Xiao zhan ထွက်သွားတော့ yibo ခုံတန်းပေါ်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ် yibo ပုံစံကိုကြည့်ပြီး

Xiao chan.zhuo chengမင်း​ပြောချင်တဲ့အဓိပ္ပါယ်ကိုငါသိပြီထင်တာပဲ

============================
ညနေအိမ်ပြန်ရောက်တော့ geကအပြင်မှာပန်းပင်ရေလောင်းနေတယ် ကျွန်တော့်ကိုမြင်တော့ကျွန်တော့်ကိုgeရဲ့မူပိုင်အပြုံးနဲ့ပြုံးပြနေတယ် တကယ်ကိုလှပတဲ့အပြုံးလေး

TWIN(YiZhan)Where stories live. Discover now