Part-8

15.8K 1.3K 4
                                    

Unicode..........................

"စိုင်းမာန်...မနေ့က အညိုဖျားလို့ အိမ်ပြန်သွားတာဆို
နင်ငါ့ကိုလဲ မပြောဘူး"

"ငါမပြောလဲ သိမှာပဲကို...အခုသိပြီမလား"

"အညိုရောင် သနားပါတယ် ဖျားနေတာတောင်မနေ့ညနေက ငါ့အဆောင်ထိလာပြီး ငါနားမလည်တဲ့ စာတွေရော physic ပုံသေနည်းတွေ noteထုတ်ပေးသွားတယ်
နင့်ကိုလဲ ပြန်ပြလိုက်တဲ့"

"ရသ မင်းပျော်နေတာလား? သူနဲ့နှစ်ယောက်တည်းတွေ့ရတော့"

"စိုင်းမာန်..!! အဲ့လိုတွေလျှောက်မပြောနဲ့ သူကငါ့အပေါ်သဘောရိုးပါဟ ငါကသာ"

စိုင်းမာန် မကြားချင်တော့သလို ရသတစ်ယောက်ထဲကို ထားခဲ့ပြီး လှည့်ထွက်သွားလိုက်သည်။
ရသတစ်ယောက်သက်ပြင်းချပြီးချိန်မှာတော့

"ရသမေ ကိုယ်ဒီမှာ ထိုင်လို့ရမလား"

မြတ်မင်းရသဘေးနား ဝင်ထိုင်လိုက်ပြီး

"ညီမတို့ စာမေးပွဲနီးနေပြီဆို
စာမရတာရှိရင် အကို့ကိုမေးလို့ရတယ်နော်"

"ဟုတ်ကဲ့ မလိုပါဘူးရှင်။ ရသအညိုဆီကပဲမေးပါတယ်"

"ပါလာပြန်ပြီလား ဒီကောင်။
ရသ အဲ့ကောင်အခုကျောင်းပျက်နေတယ်ကြားတယ်
အကို့ဆီစာလာမေးလို့ရပါတယ်"

"မလိုဘူးလို့ပြောနေတယ်လေ။ရသမှာသူငယ်ချင်းတွေရှိတယ်။
ရှင့်လို မဟုတ်တရုတ်တွေဆီ စာမမေးဘူး နားလည်လိုက်"

ရသဆိုသည်မှာလဲ စိတ်မရှည်တော့ရင် အားကိုမနာတတ်တော့။ဒီလူကလည်း အားနာလို့ဖြစ်မယ့်လူမဟုတ်မှန်းလဲ သိနေတော့။

"ဘာ..!!ပြန်ပြောစမ်း..!"

ရုတ်တရက်ဆိုတော့ ရသလဲ အငိုက်မိသွားပြီး မြတ်မင်းက ရသလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လာပြန်တယ်။
ယောကျာ်းအားနဲ့ဆိုတော့ ရသလက်ကောက်ဝတ်တွေ ကျိူးတော့မလိုခံစားနေရတယ်။

"အ အား..!လွတ်လွတ် လုပ်ကြပါအုံးရှင်"

ရသဘေးကလူတွေကို အကူညီတောင်းပေမယ့် မည်သူကမျှ
မကူရဲဘဲ ဝိုင်းကြည့်နေကြရုံသာ။

My lovely straight boy (Completed)Where stories live. Discover now