.. ၇၉ ..
17.7K 2K 49
《Zawgyi》
အပိုင်း - ၇၉
[သူမ၏အိပ်မက်နောက်သို့
လိုက်နေခြင်း - ၁ ]
စက်တင်ဘာလ စာသင်နှစ်ဝက်တွင် ကျောင်းသူကျောင်းသားများ ကျောင်းပြန်စတက်ကြသည့်အခါမှာ ချင်းစုယွဲ့လည်း သူမ၏ အရည်အချင်းတွေအား ထက်ထက်မြက်မြက် အသုံးချနိုင်ရန်အတွက် အစီအစဉ်တက်ဆက်သူ ယှဉ်ပြိုင်ပွဲအား တစ်နှစ်မျှ တက်ရောက်ခဲ့လေ၏။ ထိုပြိုင်ပွဲတွင် သူတို့က သူတို့ပိုင်ဆိုင်သည့် စွမ်းရည် ပါရမီအား ပြသရမည် ဖြစ်သည်။ စန္ဒယားနှင့် အကဟူ၍ ထိုပြိုင်ပွဲ၌ ရွေးချယ်စရာ ကဏ္ဋနှစ်ခုရှိ၏။ သူမ စဉ်းစားကြည့်ပြီးတဲ့နောက်မှာတော့ အကကို ရွေးချယ်လိုက်သည်။ ကျောင်းအစီအစဉ်မှူးပြိုင်ပွဲမှာ သူမ ပါဝင်ယှဉ်ပြိုင်နေသည်ကို သိရှိသွားချိန်မှာ သူမရဲ့ အကဆရာမဟာ သူမအတွက် ရှေးဟောင်းဂီတကကွက် အပိုင်းကို သီးသန့် ပြင်ဆင်ပေးလေသည်။
စက်တင်ဘာလ အဆုံးမှာတော့ ချင်းစုယွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုအား အစီအစဉ်တင်ဆက်သူ ပြိုင်ပွဲအတွင်းမှာ စံနမူနာထားလောက်စရာ တင်ဆက်မှုအဖြစ် ဖော်ထုတ်ပြသနိုင်ခဲ့ပေ၏။ လူအများအပြားဟာ ချင်းစုယွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုမှာ သူတို့၏ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်လွန်းလှသဖြင့် ချီးမွမ်းထောပနာပြုကြလေသည်။ သူမ၏မျက်နှာအမူအရာ ခံစားချက်တွေတင်သာမက ကိုယ်ဟန်အမူအရာ ဒါမှမဟုတ် အသံ အရာရာအားလုံးဟာ ပရိသတ်အပေါင်းအား အေးအေးချမ်းချမ်း ခံစားချက်ကို ခံစားရစေ၏။ သူမ၏ ကိုယ်ဟန်ဘာသာစကား အမူအယာတို့မှာ အထူးသဖြင့် အခြားသော ပါဝင်ယှဉ်ပြိုင်သူများထံမှ သီးခြားခွဲထွက်စေလေသည်။
ချင်းစုယွဲ့က ကျေနပ်အားရဖြစ်မိလေသည်။ သူမ ဒီဝတ္ထုထဲသို့ ဝိဥာဉ်ကူးပြောင်းမခံရခင်တုန်းက ဒီပညာရပ်အား နှစ်လိုချစ်ခင်လွန်းလှသဖြင့် တိတ်တိတ်လေး လေ့ကျင့်ဖူးခဲ့လေ၏။ ယခု ပတ်ဝန်းကျင်တွင်တော့ ထိန်းချုပ်ကန့်သတ်ချက်တွေ မရှိပဲနှင့် သူမအား သင်ယူလေ့လာခွင့် ပြုထားလေရာ သူမမှာ ပိုမို၍ပင် စိတ်အားတက်ကြွလာရပြီးလျှင် ရလဒ်တွေအပေါ်၌လည်း ကျေနပ်ပီတိဖြစ်ရလေသည်။