Strawberries, Cigarettes and Stars

843 74 5
                                    

Christmas ညသန်းခေါင်ကြီး ဦးငယ်ရင်ခွင်ထဲဝင်ပြီး TVကြည့်နေတုန်း မေ‌မေတို့ရောက်ချလာတယ်။

"သား.... ဒါက ဘယ်လိုဖြစ်တာလဲ tissueတွေပွထနေ...."

မေမေစကားပြောနေရင်းရပ်သွားတယ်။

"မေမေ! ဟို... ကျွန်တော်... အာ..... ဦးငယ်.."

မေမေပြုံးနေတယ်?

"Yifan ဒါဘယ်လိုဖြစ်တာလဲ"

ဖေဖေ!

"တောင်းပန်ပါတယ်"

ဦးငယ်တောင်းပန်စရာမလိုဘူးလေ။

"မေမေတို့ ခရီးစဉ်က ပျက်သွားလို့ ပြန်လာရတာပဲ သားရေ"

"ဪ... ဟုတ်"

မေမေက ပြုံးစိစိနဲ့ "မေမေတို့ကို ပြောစရာမရှိဘူးလား သား.. Yifanရော" တဲ့

"မေမေ.... ကျွန်တော်..."

ဦးငယ်က စကားဖြတ်ပြောတယ်။

"မရီး ကျွန်တော့်ကို Chanနဲ့ သဘောတူပေးနိုင်မလား"

ဦးငယ်!!?

"မင်း‌ဝန်ခံလိုက်ပြီလား Yifan"

"ဟုတ်ကဲ့ မရီး"

မေမေကကျေနပ်တဲ့အပြုံးမျိုးပြုံးနေတယ်။ ဒီအပြုံးမျိုးကို ပထမဆုံးမြင်ဖူးတာပဲ။ မသိရင် ကိုယ့်သားလေးကို လက်ထပ်ပေးလိုက်ရလို့ကျေနပ်နေတဲ့ အပြုံးမျိုး...။

"Yifan ဆေးလိပ်ပြတ်ပြီလား"

ဖေဖေကတော့ ခပ်တည်တည်ပဲ။

"ဟုတ် ပြတ်ပြီ အစ်ကို"

"အင်း"

ဖေဖေက အသိအမှတ်ပြုသလို ခေါင်းငြိမ့်တယ်။

"အစ်ကို မကန့်ကွက်ဘူးလား"

ဦးငယ်မေးတော့ ဖေဖေက "မင်းတို့ လူငယ်ချင်းသင့်မြတ်ပြီး အဆင်ပြေနေရင်ပြီးရောပေါ့။ ငါတို့ လူကြီးတွေက ကန့်ကွက်နေလည်း လိုက်နာမှာမှမဟုတ်တာ" တဲ့

မေမေရော ဖေဖေရော ပြုံးလို့။ ထူးဆန်းလိုက်တာ... တခြားမိသားစုတွေလိုမျိုး တစ်ဦးတည်းသော သားက ယောက်ျားချင်းကြိုက်နေလို့ဆိုပြီး အတင်းကန့်ကွက်တာမျိုးတွေ မိန်းမအတင်းပေးစားတာမျိုးတွေ မလုပ်တာ အရမ်းကျေးဇူးတင်ဖို့ကောင်းတာပဲ။

Strawberries, Cigarettes & Stars||Zawgyi+Unicode|| (Completed)Where stories live. Discover now