Extra - ဝမ်ရှင်း🍬လီမင်🔞🌚

9.5K 362 15
                                    

လီမင် တစ်ယောက် လက်တွင် ဝတ်ထားသော လက်ထပ် လက်စွပ်လေးကို ချွတ်လိုက်ပီး စားပွဲခုံပေါ်သို့ တင်လိုက်ပါ၏.....

" ကျွန်တော်တို့် ကွာရှင်းကြရအောင်....."

" ကောင်းပီလေ...."

ကျွန်တော်တို့ နှစ်ယောက် ကြား ဘယ်အရာတွေက စတင်ပီး မှားယွင်းစေခဲ့တာလဲ....

ကျွန်တော်လဲ မသိတော့ ပါဘူး....

လွန်ခဲ့သော 14 နာရီခန့်က......

လီမင် တစ်ယောက် ထမ်လေးကို ကျောပိုး ထားရင်း လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ အိမ်မှ ထွက်လာခဲ့ ပါသည်....

မရောက်တာ ကြာပီဖြစ်တဲ့ ဈေးဝယ် စင်တာ ကြီးက လီမင်အတွက်တော့ အံသြသင့်ဖွယ်ရာ နေရာကြီး တစ်ခုအလား.....

စင်တာ ထဲမှာ လိုအပ်တာ တွေ ဝယ်ပီးတဲ့နောက်မှာတော့ လီမင်၏ လက်ထဲတွင် ဝယ် ထားသော ပစ္စည်း များဖြင့်ပြည့်နှက်လို့ နေပေ၏.....

လီမင် တစ်ယောက် စက်လှေကားမှ ဆင်းလာစဉ် တွေ့လိုက်ရသော အရာကြောင့် ခြေလှမ်းတို့မှာ ရပ်တန့်သွား ရပါတယ်.....

ကော်ဖီ ဆိုင်ထဲသို့ မိန်းကလေး တစ်ယောက်နဲ့ အတူဝင်သွားသော ဝမ်ရှင်းကတော့ မိမိတို့ကို တွေ့ဟန်မပေါ်.....

လီမင် သိချင်စိတ်တို့သည် ထိုခဏ အတွင်းမှာဘဲ မြင့်တက်လို့ လာပေသည်.....

လီမင်..... ကျောပေါ်က ထမ်လေးကို ကြည့်လိုက်တော့ ပင်ပန်းတာကြောင့်လားမသိ အိပ်ပျော် လို့တောင် နေချေပီ....

လီမင် ကော်ဖီဆိုင် တံခါးလေးကို ဖွင့်ကာ အထဲသို့ ဝင်လာခဲ့ပါ၏.....

ထိုစဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် လီမင်၏ မျက်ဝန်းတို့တွင် မျက်ရည်တို့်ဖြင့် ပြည့်နှက်လို့ လာရပါတော့သည်....

ဝမ်ရှင်း နဲ့ မိန်းကလေး တစ်ယောက် နမ်းနေ သော မြင်ကွင်းက လီမင်၏ရင်ကို ဓားဖြင့် မွှန်းနေသလား အောက်မေ့ ရလောက်အောင် နာကျင် လွန်းလှပါ၏....

လီမင် ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တာကြောင့် ထိုနေရာမှ ထွက်လာခဲ့မိပါသည်....

Suicide { Complete }Where stories live. Discover now