မြင့်မားသော သစ်ပင်တွေ စုံနေအောင်ပွင့်နေသော အမျိုးအမည်မသိပန်းလေးတွေ အားလုံး သစ်တောအတွင်းလှပစွာရှိနေ၏။ ဂျီမင်းအတွက်တော့ မြင်မြင်သမျှအရာဟာ အထူးအဆန်းသဖွယ်။
"ပန်းကလေး သဘောကျရဲ့လား"
"အင်း အရမ်းလှတာပဲ "
"ကျွန်တော့်အတွက်တော့ ပန်းကလေးက ပိုလှတယ်"
အို ဒီကောင်လေး စကားတော်တော်တက်။ ဒီလို တောကြီးမျက်မည်းထဲနေ၍သာတော်ရော့သည်။အကယ်၍ ဒီကောင်လေးသာ မြို့ကြီးသားဖြစ်ရင်မလွယ်။ အဲ့အချိန် ဒီကောင်လေးInternational playboyဖြစ်နေလောက်သည်။
တောထဲအတော်ကြာ ခြေကျင်နှင်ပြီးနောက်
မျက်စိတဆုံးကျယ်ပြောသည် ထင်ရသည့် ကျုလစ်ခင်းကြီးကို တွေ့ရလေသည်။အားပါး နည်းတဲ့ပန်းတွေမဟုတ်ဘူး။ ဒီမှါပန်းဆိုင်ဖွင့်စားရင် အတော်ချမ်းသာလောက်ပြီ ဟဲ ဟဲ ။
ဂျီမင်း ကိုယ့်အတွေးနှင့် ကိုယ် ကြိတ်သဘောကျကာ ပြုံးနေမိသည်။
"ဘယ်လိုလဲ ပန်းကလေး သဘောကျရဲ့လား"
"အင်း အရမ်းသဘောကျတယ် ဒါနဲ့ ဒီမှါ ဘာလို့
ကျုလစ်အဖြူတွေပဲ ရှိရတာလဲ""ဟင် ကျုလစ်အဖြူ ဘာကိုပြောတာလဲ ပန်းကလေး"
"ဒီပန်းတွေလေ ဒီပန်းတွေက ငါတို့ဆီမှာ ကျုလစ်အဖြူလို့ခေါ်တာ"
"ဟုတ်လား ကုကီးတို့ကတော့ လရောင်ဆမ်းပန်းလို့ခေါ်တာ"
"ဘာလို့လဲ "
"သူတို့က လရောင်လို အေးချမ်းဖြူစင်ပြီး ညဘက်လရောင်အောက်မှာဆို အရမ်းလှတာ အဲ့ဒါကြောင့် နောက်ပြီး ကျွန်တော်တို့ဆီမှာ ဘဝကိုပုံအပ်ရတဲ့အထိ ချစ်ရသူကိုတွေ့ရင် ဒီလရောင်ဆမ်းပန်းရှေ့မှာ အတူကတိသစ္စာထားလေ့ရှိတယ် ဒီပန်းက ချစ်ခြင်းတရားကို ကိုယ်စားပြုတယ်လေ"
မင်းသိရဲ့လား ကုကီး ငါတို့လောကမှာ ကျုလစ်ဖြူက တဖတ်သတ်အချစ်ကို ကိုယ်စားပြုတယ်ဆိုတာ။
ဂျီမင်း သူအတွေးကိုတော့ ကုကီးကို ထုတ်မပြောဖြစ်တော့ ဆိတ်ဆိတ်သာနေလိုက်သည်။
YOU ARE READING
My World(ကျွန်ုပ်၏ ကမ္ဘာငယ်)