" ဝါး..ခဗျားက ကိုယ်ပိုင်လေယာဉ်တောင်ရှိတယ်ပေါ့ "
ရိပေါ်မှာ ဆာလာအိတ်ကြီးကိုတောင် ချမထားနိုင်ဘဲ လေယာဉ်ထဲကို နေရာအနှံ့လိုက်ကြည့်နေမိတယ်။ လေယာဉ်ကစီးဖူးတယ်။ ခုကလေယာဉ်ကို မစီးဖူးသလိုပုံစံနဲ့ လိုက်ပတ်ကြည့်နေတာမဟုတ်ဘူး။ ရှောင်းလူကြီးမှာ လေယာဉ်ရှိတာကို မယုံနိုင်သလိုပုံစံမျိုးနဲ့လိုက်ကြည့်နေတာ။ ဒီလူကြီးတအားချမ်းသာတာတော့ သူသိပါတယ်။ ဒါပေမယ့် ဒါကြီးကတော့ များလွန်းတယ်လေ။ ဟုတ်တယ်မလား။
" အိတ်ကြီးချထားပါလားကွာ "
မနေနိုင်တဲ့ရှောင်းကျန့်ကပဲ ရိပေါ်လက်မောင်းကအိတ်ကြီးကိုယူပြီး သူ့ဝန်ထမ်းတစ်ယောက်ကိုပေးလိုက်တယ်။ ကလေးလေးကတော့ ပါးစပ်လေးတဟဟနဲ့ ဟိုဟိုဒီဒီလျှောက်သွားနေတုန်း။
" သူဌေး..ဒါကအခုခရီးစဉ်အတွက် အချိန်စာရင်းပါ "
" အင်း၊ အဲ့ပေါ်ထားထားခဲ့လိုက်၊ ပြီးတော့ အစားအသောက်တွေ လာပို့ခိုင်းလိုက်ဦး၊ အဲ့ဒါတွေပြီးရင်တော့ ဒီအထူးခန်းဘက်ဘယ်သူမှမလာနဲ့တော့၊ ကိုယ်ခေါ်မှလာခဲ့ကြ "
လက်ထောက်ထွက်သွားတာနဲ့ ရှောင်းကျန့်တစ်ယောက် အပေါ်ကုဒ်ကိုချွတ်ပြီး ကလေးနောက်လိုက်ရပြန်တယ်။ ကလေးတစ်ယောက်ကောက်ရပြီး ကလေးထိန်းနေရသလိုအခြေအနေမျိုးဆိုပေမယ့်လည်း ရှောင်းကျန့်ကျေနပ်နေမိတယ်။ အဲ့ကလေးက ရိပေါ်ဖြစ်နေသရွေ့ကတော့ သူကြည်ကြည်ဖြူဖြူနဲ့ကို ထိန်းပေးဦးမှာပဲ။
" ဘေဘီ...ထိုင်ခုံမှာထိုင်တော့၊ လေယာဉ်ထွက်တော့မှာ "
" မိုက်တယ်ခဗျားရာ၊ တအားမိုက်၊ ကျွန်တော်လည်းခဗျားအရွယ်ကျရင် ဒီလိုမျိုးတွေပိုင်ဆိုင်နိုင်အောင် ကြိုးစားရမယ် "
လေယာဉ်ကအခုတစ်စီးအပြင် နောက်နှစ်စီးပါရှိသေးတယ်လို့ပြောလိုက်ရင် ကလေးတစ်ယောက် ဘယ်လောက်များအံ့သြသွားမလဲမသိဘူး။ အခုလည်း လက်မလေးတထောင်ထောင်နဲ့ပြောနေပုံက ရှောင်းကျန့်ကို အူတွေအသည်းတွေယားစေတယ်။ စိတ်ရှိတိုင်းသာလုပ်ပစ်လိုက်လို့ကတော့ ဒီကလေး သူ့မြင်တာနဲ့ထွက်ပြေးတော့မှာ။
YOU ARE READING
Mr.Xiao
FanfictionHe loves me so much . This feeling makes my heart 'Badump' ! 『 From 28.12.2019 To 22.4.2020 』