သေခြင်းတရားရဲ့ခွဲခွာမှုကို
နက်နက်ရှိုင်းရှိုင်းခံစားဖူးတယ်
အဲ့နာကျင်မှုက နာတာရှည် ဝေဒနာလိုမျိုးပဲ။ ကိုယ့်ဆီမှာအမြဲခိုကပ်နေတာ။
ပြီးတော့ ရိုးရှင်းတယ်။
နာကျင်မယ် နာကျင်ပြီးရင်း နာကျင်မယ်။
ကိုယ့်မှာ ဘာလုပ်နိုင်စွမ်းမှမရှိခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မယ် ပြီးရင်သူ့အတွက် နာကျင်မယ်။
လမ်းလျှောက်နေရင်းနဲ့ မရှိတော့တဲ့အကြောင်း သတိရတဲ့အခါ ခြေထောက်မခိုင်တော့တဲ့အထိ လစ်ဟာသွားမယ် ပြီးရင် နာကျင်မယ်။
တစ်နေရာမှာအဆင်ပြေပြေရှိနေပါသေးတယ်လေ လို့ဖြေတွေးခွင့်မရတဲ့အခါ ကူကယ်ရာမဲ့ပြီး နာကျင်ရမယ်။
ဒါပေမယ့် နာကျင်မှုက ရိုးရှင်းတယ်။
ခုဟာက နာကျင်တာမဟုတ်ဘူး။ပေါက်ကွဲကုန်တာ။ နာကျင်မှုလို မခမ်းနားဘူး။ မကြည်လင်ဘူး။
နင့်ကြောင့်ငါ့ကြောင့် အတ္တတစ်ပြုံနဲ့ ကိုယ့်ပါးကိုယ်ပြန်ရိုက်တဲ့ပွဲ။ခဏလေးတော့ ရိုက်ခွင့်ပေး။
နောက်ဆုံးမှာ သူ့အပေါ်ပြောမိလေခြင်းဆိုပြီး နောင်တရမှာသိလျက်နဲ့ မအောင့်နိုင်ပဲအန်ထုတ်နေရတုန်းမို့ ခဏလေးစောင့်ပြီးမှ တရားလာချ။ မုန်းရတာ မောသွားတဲ့အချိန် အချစ်အသစ်တွေပြန်စမယ်။
15.1.2020
12:48 AM
[Zawgyi]
ေသျခင္းတရားရဲ႕ခြဲခြာမွုကို နက္နက္ရိွုင္းရိွုင္းခံစားဖူးတယ္
အဲ့နာက်င္မွုက နာတာရွည္ ေဝဒနာလိုမ်ိဳးပဲ။ ကိုယ့္ဆီမွာအျမဲခိုကပ္ေနတာ။
ျပီးေတာ့ ရိုးရွင္းတယ္။
နာက်င္မယ္ နာက်င္ျပီးရင္း နာက်င္မယ္။
ကုိယ့္မွာ ဘာလုပ္နိုင္စြမ္းမွမရွိခဲ့လို႔ ကိုယ့္ကိုယ္ကိုယ္ ေဒါသထြက္မယ္ ျပီးရင္သူ႕အတြက္ နာက်င္မယ္။
လမ္းေလွ်ာက္ေနရင္းနဲ့ မရွိေတာ့တဲ့အေႀကာင္း သတိရတဲ့အခါ ေျခေထာက္မခိုင္ေတာ့တဲ့အထိ လစ္ဟာသြားမယ္ ျပီးရင္ နာက်င္မယ္။
တစ္ေနရာမွာအဆင္ေျပေျပရွိေနပါေသးတယ္ေလ လို႔ေျဖေတြးခြင့္မရတဲ့အခါ ကူကယ္ရာမဲ့ျပီး နာက်င္ရမယ္။
ဒါေပမယ့္ နာက်င္မွုက ရိုးရွင္းတယ္။
ခုဟာက နာက်င္တာမဟုတ္ဘူး။ေပါက္ကြဲကုန္တာ။ နာက်င္မွုလို မခမ္းနားဘူး။ မၾကည္လင္ဘူး။
နင့္ေၾကာင့္ငါ့ေၾကာင့္ အတၱတစ္ၿပဳံနဲ႕ ကိုယ့္ပါးကိုယ္ျပန္ရိုက္တဲ့ပြဲ။ခဏေလးေတာ့ ရိုက္ခြင့္ေပး။
ေနာက္ဆုံးမွာ သူ႕အေပၚေျပာမိေလျခင္းဆိုၿပီး ေနာင္တရမွာသိလ်က္နဲ႕ မေအာင့္နိုင္ပဲအန္ထုတ္ေနရတုန္းမို႔ ခဏေလးေစာင့္ၿပီးမွ တရားလာခ်။ မုန္းရတာ ေမာသြားတဲ့အခ်ိန္ အခ်စ္အသစ္ေတြျပန္စမယ္။
15.1.2020
12:48 AM
YOU ARE READING
Status 404
PoetryFangirlတစ်ယောက်ရဲ့ feeling တွေပေါ့။ မတောက်တခေါက် လွမ်းပြ ဆွေးပြမယ် (တစ်ခါတရံ) သူတို့ မသိအောင် ဒေါသထွက်ပြ ပေါက်ကွဲပြမယ် Fangirlတစ္ေယာက္ရဲ႕ feeling ေတြေပါ့။ မေတာက္တေခါက္ လြမ္းျပ ေဆြးျပမယ္ (တစ္ခါတရံ) သူတို႔ မသိေအာင္ ေဒါသထြက္ျပ ေပါက္ကြဲျပမယ္
