Extra ♥♥♥

12K 812 44
                                    

ပြန်လာတဲ့ တစ်လျှောက်လုံးလဲ ဘာကို အလိုမကျမှန်းမသိပေ။ ရိပေါ်က လိုက်ပို့မယ် ဆိုတာကို အတင်းငြင်းပြီး ထွက်လာခဲ့လိုက်သည်။ ပြန်ရင် Store တစ်ခုခု ဝင်ပြီး လိုအပ်တာ ဝယ်မယ်လုပ်ထားတဲ့ စိတ်ကူးလဲ ဘယ်ပျောက်ကုန်မှန်းမသိ။ အိမ်ရောက်တော့ ဘာမှ လုပ်ချင်စိတ်မရှိ၍ ဟိုခွေ ဒီခွေ နဲ့သာ ။

အခန်းထဲရှိ နာရီသံက တစ်ချက်ပြီးတစ်ချက်ကိုကျော်လွန်လာသည်။ ၈နာရီ လကုန်ရက်တွေဆို ဒီလိုပဲ နောက်ကျတက်သည်မို့ ရှောင်းကျန့် ထွေထွေထူးထူး မစဉ်းစားနေဘဲ ရေချိုး အဝတ်စားလဲ ပြီး ဧည့်ခန်းမှာ ရုပ်ရှင်ညြ့်နေလိုက်သည် ။

ခနကြာတော့ ခြံထဲက ကားသံ ကြားရပြီးမို့ ပြန်လာပြီးထင် ။

" ကိုကို ကျွန်တော် ရောက်ပြီ "

" အင်း "

ရိပေါ်က ရှောင်းကျန့် ထိုင်နေသည့် ဆိုဖာဘေးနာကို ကပ်လာထိုင်သည် ။

" ကျွန်တော် ၂ခွက်သောက်လာတယ် "

" အင်း "

ရှောင်းကျန့် TV အကြည့်မပျက်ဘဲ ပြန်ဖြေသည် ။

" ကိုကို စိတ်ခုအောင် ကျွန်တော် တစ်ခုခု လုပ်ထားမိသေးလား "

" ရေသွားချိုးတော့ "

" ကိုကို ကျွန်တော့ မျက်နှာကို တစ်ချက်ကြည့် "

ရှောင်းကျန့် လက်မောင်းကို ကိုင်ပြီး သူ့ဘက်ကို ဆွဲလှည့်သည့်တိုင် ခုထိ သူ့မျက်လုံး ကိုမကြည့် ။သေချာတယ်။ တစ်ခုခုကို စိတ်ခုနေပုံပင်။ ဒါက စိတ်တိုတာမျိုးလဲ မဟုတ် စိတ်ကောက်နေတာလဲ မဟုတ်၊ သူဘာအမှားလုပ်မိထားလဲ။

" ရေသွားချိုး ငါဘာမှ မဖြစ်ဘူး "

ရိပေါ်လဲ အလုပ်က ပင်ပန်းလာသည်မို့ ရေချိုးပြီးမှ ချော့်မည်ဟု စဉ်းစားပြီး ထွက်လာလိုက်တယ် ။

" ဝါး..... ငါ သွားဆိုတိုင်းသွားရတာလား ဝမ်ရိပေါ် ငါ ဘာဖြစ်နေလဲဆိုတာ မသိချင်ဘူးပေါ့ ရတယ် "

TV ကို ပိတ်ချလိုက်ပြီး အိပ်ခန်းထဲ ဝင်အိပ်နေလိုက်သည် ။

" ကိုကို"

."......"

" ကိုကို မအိပ်သေးတာ သိတယ် စကားခန
ပြောရအောင် "

L O V E  [YIZHAN]Where stories live. Discover now