အခန်း ၂ (၁)

635 61 3
                                    


Page-34

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Page-34

ဖုန်းကျိုငယ်ငယ်တုန်းက သူမရဲ့မိဘတွေဟာ နှစ်ယောက်တည်း အချစ်သိုက်မြုံလေး ဆောက်ချင်ကြတဲ့အတွက် သူမကို သူမရဲ့အဒေါ်ပိုင်ချန်းဆီမှာပဲ အပ်ထားခဲ့ကြတာဖြစ်တယ်။ အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာကြီးပြင်းရင်း ကောင်းကင်ကငှက်တွေပစ်တာ စမ်းထဲကငါးတွေဖမ်းတာ အားလုံး သူမ အကုန်လုပ်ဖူးတယ်။ ပြီးတော့ရှိသေးတယ် တစ်ခါကဆို သူမရဲ့ဦးလေးငယ် အိပ်ပျော်နေတုန်း သူ့ရဲ့ Jingwei ငှက်ကို အမွှေးတွေအကုန်ပြောင်တဲ့ထိ နုတ်ပစ်ခဲ့ဖူးတယ်လေ။

မသိတတ်သေးတဲ့ ကလေးဘဝဆိုပြီး အဒေါ်ဖြစ်သူက သူမရဲ့အရူးထမှုတွေကို မသိကျေးကျွန်ပြုထားပေးခဲ့တယ်။

သို့သော် ဒါတွေကလည်း သူမကို ပိုပြီးနားလည်ရင့်ကျက်သွားစေဖို့ ရည်ရွယ်ချက်နဲ့ ခွင့်လွှတ်ပေးခဲ့တာပါ။ ဥပမာပြောရရင် တစ်ခါက သူမအဒေါ် သူမကို 'နတ်ဘုရားတစ်ယောက်ဟာ မျက်နှာပျက်မှာကို ကြောက်မနေရဘူး ဘာလို့လဲဆိုတော့ မျက်နှာပြောင်ခြင်းဟာလဲ သတ္တိရှိခြင်းတစ်မျိုးဖြစ်လို့ ရဲ့ဝံ့စွာနဲ့ ရည်ရွယ်ထားတဲ့အရာကို ဆက်လုပ်နိုင်တယ်' ဟုဆုံးမခဲ့ဖူးတယ်။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရှက်ကြောက်မနေဘဲ လုပ်စရာရှိတာဆက်လုပ်ခြင်းဖြင့် ရှေ့လျောက်အောင်မြင်နိုင်တယ်။ (ဘုရား ဘုရား ပိုင်ချန်းမြှောက်ပေးတာနဲ့ နောက်ဆို သီကျွင်းနဲ့ဖုန်းကျို နှစ်ယောက်ပေါင်းပြီး ဘယ်လောက်တောင်မျက်နှာပြောင်ကြမလဲမသိ😣)

နှစ်တွေအများကြီးကြာတော့ မုန့်လုံးလေး သူ့မယ်တော်ရဲ့အိပ်ခန်းကို သူ့ရဲ့ခမည်းတော်နဲ့ ပြိုင်လုနိုင်ဖို့အတွက် ဒီဆုံးမစကားကိုပဲ သူမ အကြံပေးခဲ့လေသည် "မသေမျိုးတစ်ယောက်ဖြစ်ခြင်းရဲ့ အရေးကြီးဆုံးအရာက မျက်နှာပြောင်နိုင်ခြင်းပဲ မျက်နှာပြောင်နိုင်နေသ၍ အရာအားလုံး အောင်မြင်နိုင်တယ်"

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now