part41

4.2K 324 20
                                    

Unicode&Zawgyi

(Zawgyi )

"ယွီယုံလုံ သူက မင်းလုပ်ချင်တိုင်း လုပ်လို့ ရနိုင်တဲ့ မိသားစုက မဟုတ်ဘူး...."

"လုပ်ချင်တိုင်း လုပ်လို့မရနိုင်တဲ့ မိသားစု.... Hk..ရယ်ရတယ်.... တစ်မိုးအောက် ယွီယုံလုံ တို့က တစ်ခါဆုံးဖြတ်ပြီးရင် ရအောင်လုပ်တတ်တယ်....."

"ရယ်ရတယ် ဟုတ်လား....သူက ဘယ်သူလဲ ဆိုတာ မင်းသိရင် ရယ်နိုင်ပါဦးမလား...."

"သူ ဘယ်သူဖြစ်ဖြစ် ဂရု မစိုက်ဘူး....."

"Xiao Group ကကွ... Xiao Groupက
မင်းရူးနေရင်လည်း အေးအေးသက်သာ တခြားမှာ သွားရူး Xiao Groupကို သွားထိပြီး ပြသနာထဲ ငါ့ကို ဆွဲမထည့်နဲ့.... ငါ့ ကုမ္ပဏီ ဆက်ရှင်သန်ဖို့ Xiao Groupကိုလိုအပ်တယ်....
နားလည်လား.....မင်းကြောင့် ငါ့အစီအစဉ်တွေ လွဲချော် မခံနိုင်ဘူး....."

ဝမ်မော့ စိတ်အလိုအတိုင်း အော်ဟစ်ပြောဆိုလိုက်သည်.....

"Xiao Groupလည်း ဂရုမစိုက်ဘူး....လိုအပ်တာ ရှင်လေ... ကျွန်မမှ မဟုတ်တာ.....တော်ပြီ....ရှင်နဲ့ ပြောစရာ မရှိတော့ဘူး....."

ယွီယုံလုံ စိတ်တိုပြီး ဖုန်းချလိုက်သည် ....

ယွီယုံလုံ Wang Yi Bo နဲ့ Xiao Zhanတို့ကို  အချိန်အတော်ကြာ စူးစိုက်ကြည့်နေမိသည်...

ထို့နောက်တွင် ထိုနေရာမှ ထွက်ခွာသွားသည်....

"Yi Bo.... "

"အင်း...."

"အန်တီ ရော အဆင်ပြေလား...."

Xiao Zhan ဆိုလိုသည်က စုချင်းယွဲ့ ပင်....

"အဆင်ပြေပါတယ် အိမ်မှာ မနေတော့တာပဲ ရှိတာ...."

"အိမ်မှာ မနေတော့တာ....!"

Xiao Zhan မေးခွန်းတို့ဖြင့်
တွေးဆဆ ဖြစ်သွားသည်....

"ဟုတ်တယ်.... အဲ့ဒီနေ့က Ge Ge ထွက်သွားပြီးတော့ မေမေက ကျွန်တော်တို့ကို လက်ခံပေးဖို့ အဖေ့ကို ပြောခဲ့တယ်....ပြီးတော့ သူတို့ အကြီးအကျယ် ပြသနာတက်ပြီး မေမေ အိမ်ပေါ်က ဆင်းသွားပြီး သူ့သူငယ်ချင်း အိမ်မှာ သွားနေတယ် အခုထိပဲ...."

Xiao Zhan... Wang Yi Bo စကား ကြားပြီး သူ့ပယောဂ မကင်းသလိုခံစားရသည့်အတွက် မျက်နှာ မကောင်းတော့ပေ.....

Dream 's Lover(completed) Donde viven las historias. Descúbrelo ahora