ကျောင်းတက်နေတော့ မနက်ဆိုထနေကြအချိန်တိုင်းကျနော်နိုးလာခဲ့သည်။
ဒါတွေဟာ အကျင့်ဆိုရင်တောင်ကျောင်းပိတ်ရက်ဆိုဒီအကျင့်တွေပျောက်သွားတက်သည်။
ထားပါတော့..
ဒီနေ့လဲကျောင်းသွားရမှာဘဲ..အိပ်မှုန်စုံမွှားဖြစ်နေသေးတဲ့အချိန်မှာတောင် ကျနော် ကျောင်းသွားဖို့သတိရနေတာကိုမုန်းလိုက်တာ။
ဒါနဲ့ ကျနော် ဘာလို့ဒီနေ့နှိုးစက်မပေးထားတာလဲမသိ။
ခါတိုင်းနှိုးစက်ပေးနေကြမလား?ကျပ်ကျပ်သိပ်သိပ်ခံစားနေရတာကြောင့် ကျနော် အသိတရားတွေလိုက်မမှီတော့။
ညက Omma နဲ့လဲမအိပ်ပါ။
ညက..
Hyung နဲ့စာလာလုပ်ရင်း ကျနော် အိပ်ငိုက်သွားခဲ့တာမလား?ဒါဆို!
မျက်လုံးကိုအမြန်ဖွင့်ကြည့်လိုက် တော့ ကျနော့် မျက်နှာနဲ့နီးကပ်စွာရှိနေတာက ယောကျာ်းတစ်ယောက်ရဲ့လည်တိုင်တစ်ခု။
ပြောင်ရှင်းပီးညိုစိပ်စိပ်နဲ့လည်တိုင်တစ်ခုက ယောကျာ်းပီသလွန်းပီးကြည့်ကောင်းလွန်းနေတာကဝန်မခံရဲတဲ့အမှန်တရား။
အသက်ရှူလို့လှုပ်ရှားနေတဲ့လည်စေ့ကိုမြင်တော့ ကျနော် ထူပူလာရသည်။
မနက်စောစောရေဆာတာကသဘာဝပါဘဲလေ..
ကိုယ့်အတွေးနဲ့ကိုယ်ဖြေသိမ့်ရင်းHyung နိုးသွားမှာဆိုးလို့ခေါင်းလေးနည်းနည်းစောင်းပီးအောက်ကိုငုံ့ကြည့်လိုက်တော့ Hyung ရဲ့တုတ်ခိုင်တဲ့လက်မောင်းတို့က ကျနော့် ကိုပွေ့ဖတ်ထားတယ်။
ကျနော့် လက်ဖြူဖြူလေးက Hyung ရဲ့ခါးနားတစ်ဝိုက်မှာ။
စပ်စလူးမထဘဲအောက်ကိုမငုံ့ကြည့်ခဲ့ရင်အကောင်းသား။
ခုတော့ ...
အသက်ကိုမရဲတစ်ရဲရှူပီး ကျနော့် လက်လေးတွေကိုပြန်ရုတ်လိုက်ပေမယ့် Hyung ရင်ခွင်ထဲကတော့ရုန်းမထွက်နိုင်ခဲ့။
YOU ARE READING
Sugar Boy
Romance[ ကျနော့်မှာ Hyung ကိုချစ်မိနေတာကလွဲလို့ဘာအပြစ်ရှိလို့လဲ? ] [ မင်းဘာသာမင်းချစ်တာ အပြစ် မဟုတ်ဘူး ။ ငါကမင်းကိုချစ်မိလာအောင်လုပ်မိတာက အပြစ် ]