👑12💚

11.6K 1.1K 131
                                    

(Unicode ver)

မနက်နေရောင်ခြည်ကျ တစ်စတစ်စနဲ့
များပြားကာ လင်းလာပြီဖြစ်သည်။

ကုတင်ပေါ်က ကောင်လေးတစ်ယောက်
ကတော့ မျက်နှာမှာ မျက်ရည်စီးချောင်း
လေးနဲ့ အိပ်ပျော်နေရှာသည်။

"Tae"

" Tae ထတော့လေ နေမြင့်နေပြီ"

" အွန် Jungkookie"

နာမ်စားအသစ်တွေဘာတွေတောင်ပြောင်း
ခေါ်နေတဲ့ အကောင်ပေါက်လေး။

ခေါင်းစုတ်ဖွားလေးနဲ့ ထထိုင်လိုက်တဲ့
Taeဟာ ဘယ်လိုကြည့်ကြည့် မင်းသားလေးပါပင်

"အင့်"

ပါးပြင်ထက်ကို လက်ဖဝါးလေးနဲ့
အုပ်ကိုင်မိလိုက်တော့ နာသွားသည်ထင်

ပါးပြင်တစ်ဖက်ကား အနည်းငယ်
ဖူးယောင်နေသည်။

စိတ်ထဲ ဒေါသကထောင်းကနဲ

*လုံး၀ ခွင့်မလွှတ်ဖူး*

" Taeနာနေသေးလား...
ကိုယ်တောင်းပန်ပါတယ် စောစောရောက်အောင်
လာခဲ့ရမှာ"

" Jeon အမှားမှမဟုတ်တာ Taeကြောင့်လေ
Taeသာ ကွကိုယ်ကားမမောင်းခဲ့ရင် အခုလို"

အသံလေးတိမ်၀င်ကာ ခေါင်းငုံ့သွားသည်။

ကိုယ်လုံးလေးကို ဆွဲယူကာ
ရင်ခွင်ထဲ သွင်းလိုက်တော့ လက်နှစ်ဖက်က
ခါးကို ပြန်လည် ဖက်လာခဲ့သည်။

ဆံနွယ်ပွယောင်းယောင်းပေါ်ကို အနမ်းခြွေကာ

" တော်ပီ မတွေးနဲ့တော့ ကလေးလေး"

" ဟွန့် ဘယ်သူက ကလေးလဲ JungKook
ငါမင်းထက် အသက်ကြီးတယ်နော်"

" ဘာဖြစ်လဲ ခေါ်မှာဘဲ"

" လူလည်ကြီး"

" Taeတစ်ယောက်တည်းပေါ်ပါဘဲ"

လေးထောင့်ဆန်ဆန်အပြုံးလေးတွေ
ဖန်တီးနိုင်တဲ့ နှုတ်ခမ်းရဲရဲလေးကို
နမ်းကာ ငုံလိုက်တော့ အနည်းငယ်
ကြောင်သွားသည်ထင် ငြိမ်သက်နေသည်။

ခဏအကြာ ပြန်လည် လှုပ်ရှားလာတဲ့
နှုတ်ခမ်းအိအိလေး။

ကိုယ့်စိတ်အကြောင်း ကိုယ်အသိဆုံးမို့
မခွာချင်ရက်နဲ့ နှုတ်ခမ်းနှစ်ခုကို
ခွာလိုက်ရသည်။

KING OF MY HEART[Taekook]Where stories live. Discover now