💜💜💜💜💜💜💜💜

3.7K 318 29
                                    

Zawgyi

"Jungkook မင်းဒီလပတ်စာမေးပွဲမှာ
အမှတ်တွေနည်းသွားတယ်နော်"

ပြောနေသည်ကို အင်းမလုပ်အဲမလုပ်နဲ့မို့
ကိုင်ပေါက်ချင်စိတ်တွေထိန်းထားရတာ
Jimin အတွက်မလွယ်ကူပါလား။

"ဟျောင့် ငါစကားပြောနေတာ အဖတ်လုပ်အုံးကွ"

"အင်း"

"ဟာ ဒီကောင်"

ကျွန်တော်သိပါတယ်။
သိပ်စကားများတဲ့ ကျွန်တော့သူငယ်ချင်း
စကားနည်းသွားရတဲ့ အကြောင်းအရင်းကို။
ဒီလိုပဲ မသိချင်ယောင်ဆောင်ပြီး
သူ့ကိုပျောင်အောင် စ,နေရတာ။

"ဪ မင်းကိုငါပြောစရာရှိတယ်
ဒီနှစ်မှ ငါတို့ကျောင်းကို ပြောင်းလာတဲ့
Mingyu ကို မင်းသိတယ်မလား"

"အင်း ဘာလို့လဲ"

"အေ သူက ငါတို့ရပ်ကွက်ထဲကကွ
ငါတို့နဲ့တစ်အိမ်ကျော်လေးတင်
ငါလည်းမနေ့ကမှသိတာ"

"ဪ''

"မနေ့က သူနဲ့ငါ စကားတွေပြောရင်း
သူငယ်ချင်းဖြစ်သွားတာ သူကမင်းနဲ့လည်း
ခင်ချင်တယ်တဲ့ ငါ့ကိုပြောခိုင်းလို့"

"ဪ ရပါတယ်"

"ဒါဆို သူ့ကိုလှမ်းခေါ်လိုက်မယ်နော်
Mingyu ရေ ခဏ"

ကျွန်တော်ခေါ်လိုက်တော့
အပြေးအလွှားရောက်လာတဲ့ Mingyu ရယ်ပါ။
အင်းပေါ့ ကျောင်းသားအသစ်ဆိုတော့
သူငယ်ချင်းသိပ်မရှိသေးတော့
ကျွန်တော်တို့နဲ့ခင်ချင်တာ မဆန်းပါဘူးလေ။

"နေ့ခင်းကျ ငါတို့အတူတူ canteen သွားမယ်နော်"

"ဟမ် ဪ အေးအေး''

အစက အခြေအနေကိုသဘောမပေါက်သေးတဲ့
Mingyu နောက်မှသဘောပေါက်သွားသည်ပုံ။

ခင်ပြီးနောက်ပိုင်းမှသိလိုက်ရတာက
Mingyu က အစသန်သလို
ဟာသတွေလည်းပြောတတ်တယ်ဆိုတာပါပဲ။
ဒါလည်းကောင်းတာပဲ...
ကျွန်တော်တို့ မပျင်းရတော့ဘူးပေါ့။
တစ်နေ့နေ့ သူ့ဟာသတွေကြောင့်
ပျင်းရတယ်လို့ကို မရှိဘူး။ အင်း တစ်ခုပဲ။
တခါတလေ သူဆေးထိုးတာလည်းခံရတတ်တယ်။

"Jungkook''

အတန်းထဲဝင်ခါနီး အနောက်ကနေ
ပုခုံးကိုလှမ်းဖက်ခံလိုက်ရသည်မို့
လူက ယိုင်ချင်သွားသည်။
အသံကိုကြားထဲက Mingyu မှန်းတော့သိပါတယ်။

ချစ်သည်...သို့သော် (Completed)Where stories live. Discover now