Part 3

27.7K 2.3K 84
                                    

အိပ်ခန်းထဲရောက်သည်ထိရှောင်ကျန့်ရင်ဘတ်တစ်ခုလုံး
ဝုန်းဒိုင်းကျဲနေတုန်းပင်။

ကြောက်လိုက်တာလူရယ်။
ဘယ်လိုတွေတောင် စူးရှတဲ့အကြည့်တွေလည်း။

သေချာပြန်စဉ်းစားကြည့်မှ
ထိုသူ့အခန်းနှင့်ရှောင်ကျန့်အခန်းက
ပြတင်းပေါက်ခြင်းမျက်နှာချင်းဆိုင်။

ဒီလို ပွင့်လင်းနေပုံနဲ့ဆို
အိပ်ရမှာတောင် ကြက်သီးထမိသည်။

ရေစိုဝတ်ကိုဆွဲချွတ်ကာ
အကျီ င်္နောက်တစ်ထည်ထပ်လဲရင်း
ကုတင်ပေါ် ဆန့်ဆန့်ကြီးလှဲမိသည်။

ဘာလို့ ဒီရင်ဘတ်ကကောင်က
အခုထိမငြိမ်သေးတာလဲ။

သူက ဘာများကြောက်စရာကောင်းနေလို့လဲ။

ကို့ဘာသာအားပေးပြီး ခေါင်းရမ်းကာ
ဆိုင်သွားဖို့ လွယ်အိတ်လေးကို
ကောက်ကိုင်လိုက်သည်။

အသွားလမ်းတစ်ခုလုံး အဆင်ပြေချောမွေ့လို့။

🍑🍑🍑🍑🍑🍑

"ဟေ့ကောင်ရှောင်ကျန့်.....
ငါ အိမ်ပြန်တော့မယ်ကွာ။ငါ့အဖွား
USကပြန်လာလို့....!"

"ဟင်..ဖွားပြန်လာတာလား။
ငါလည်းလိုက်မယ်လေ..."

"အဲ့တော့ဆိုင်က ဘယ်သူစောင့်မှာလဲ.!"

"မင်းကလဲကွာ။တစ်ရက်တစ်လေလေးကို။!"

"မရပါဘူး။မင်းက အပျင်းကြီးဖို့ပဲ
သိတဲ့ကောင်...မင်းဆိုင်စောင့်ရမယ်။
ညကျမှ လာခဲ့တော့..!"

ထိုသို့ပြောပြီး ဆိုင်ထဲမှထွက်သွားသည့်
ကျန်းချန်ကိုရှောင်ကျန့်လက်သီးဆုပ်လေးထောင်ပြကာ
ကျိန်ဆဲမိသည်။

ပျင်းလိုက်တာနော်။
စကားပြောမဲ့သူကလည်းမရှိ။

ရှိတဲ့အလုပ်သမားတွေကလည်း
သူ့အလုပ်တွေသူလုပ်လို့။

"Boss!ဆိုင်ထဲမှာ ရန်ဖြစ်နေလို့!

အိပ်ပျော်ခါနီးလေး အလုပ်သမားလေး
စကားကြောင့်ရှောင်ကျန့် ဆိုင်ထဲအမြန်ပြေးမိသည်။

"ဟင်...!"

မြင်လိုက်ရတဲ့မြင်ကွင်းက မရူမလှ။
ရန်ဖြစ်တယ်ဆိုလို့ ဗလတောင့်တောင့်ကောင်ကြီး
နှစ်ယောက်အောက်မေ့တယ်....

Yibo's Baby{Completed}Where stories live. Discover now