အပိုင်း ၄၇ (Zawgyi+Unicode ver)
1.1K 119 10
Zawgyi ver
ရှင်းဟွာတို့ခရီးနှင်လာတာ တထန်ပြည်မြို့တော်ကိုရောက်လာခဲ့ပြီဖြစ်သည်....
"မင်းသမီး... နားခိုဖို့ ကျွန်တော်မျိုးတည်းခိုခန်းရှာလိုက်ပါဦးမယ်...တထန်မှာ ချင်တိုင်းပြည်ကလွှတ်ထားတဲ့သူလျှိုရှိပါတယ်...သူနဲ့ဆက်သွယ်ရဦးမှာမို့ မင်းသမီးက ဒီခေါက်ဆွဲဆိုင်မှာပဲခဏစောင့်ပေးပါ...."
"ကျွန်မလဲလိုက်ခဲ့မယ်လေ"
"အန္တရာယ်များလွန်းတာမို့ ဒီမှာပဲနေခဲ့ပါမင်းသမီး....ကျွန်တော်မျိုးအမြန်ဆုံးပြန်လာခဲ့ပါ့မယ်"
"ဟင်းးး လေးလေးချိုးရမ်က ကျွန်မကိုအထင်သေးတာလား!"
"မဝံ့ကြောင်းပါမင်းသမီး....မင်းကြီးက မင်းသမီးတစ်စုံတစ်ရာမထိခိုက်ဖို့အထူးတလည်မှာထားတာကြောင့် ကျွန်တော်မျိုးအခက်တွေ့အောင်မလုပ်ပါနဲ့ မင်းသမီး"
"ဟင်းးးကောင်းပြီလေ...ဒါဆိုလဲ ကျွန်မဒီမှာပဲစောင့်နေမယ်...ဒါနဲ့ ကျွန်မကိုမင်းသမီးလို့မခေါ်ပါနဲ့ ရှင်းလို့ပဲခေါ်ပါ"
"မခေါ်ဝံ့ပါဘူး...ကျွန်တော်မျိုးကိုသွားခွင့်ပြုပါဦး"
"အယ်......ခ..ဏ....."
ရှင်းဟွာစကားတောင်ဆက်မပြောရသေးခင် အထိန်းတော်ချုပ်ချိုးရမ်မှာ သုတ်သုတ်ထွက်သွားလေသည်....
ဟွန်းးး ဒီလူကြီးကလဲ ငါပြောတာနားမလည်တာလားပဲ...အခုက နန်းတော်မှာမှမဟုတ်တာကို...အပြင်မှာ မင်းသမီးလို့ခေါ်စရာလိုလို့လား?? ပြီးတော့အခုက ရန်သူ့တိုင်းပြည်ထဲမှာကို ငါ့ကိုမင်းသမီးလို့ခေါ်မှတော့ ပိုက်ကွန်ထဲ ကွိခနဲမိတဲ့မျောက်မလိုဖြစ်တော့မှာပေါ့...အဲ..ငါ ဘာတွေပြောနေပါလိမ့်..ဖြီ..ဖြီ..ဖြီ..
(မျောက်မ=မယားငယ်၊မိန်းမပျက်မျိုးကိုဆိုလိုသည်)
ရှင်းဟွာအတော်ကြာသည်အထိ ထိုင်စောင့်နေသော်လည်း အထိန်းတော်ကြီးချိုးရမ်မှာ ပြန်ရောက်မလာသေးပေ...
*လေးလေးချိုးရမ်က ကြာလိုက်တာ...မဟုတ်မှ အန္တရာယ်တစ်ခုခုများကြုံနေလို့များလား?? အာ...ဖွဖွ လွဲပါစေ ဖယ်ပါစေ... ငါလိုက်ရှာကြည့်ရင်ကောင်းမလား?*