တမာန်တော်ရဲ့ပျော်တော်ဆက်

5.2K 345 7
                                    

တမာန် ဆက်ကိုပို့ပြီးသည်နှင့် အိမ်ဘက်သို့သာ တန်းပြန်လာခဲ့လိုက်သည် ဒေါ်လေးက သူ့အပေါ်ဆိုးသလို ထင်ရပေမယ့် တကယ်တော့အရမ်းကောင်းသည် နှစ်လုံး သုံးလုံးတွေပတ်ထိုးနေလို့သာ လူမွေးမပြောင်ခြင်း

တမာန် အိမ်နားအရောက် အိမ်ရှေ့‌ရပ်ထားသည့် ခုခေတ်နောက်ဆုံးပေါ်ကားကြီး တမာန်တို့လို ရပ်ကွက်ထဲတွင် ကားစီးနိုင်သူကလက်ချိုးရေလို့ရစည် စီးသမျှလူကလည်း သိန်းရာကျော်တန်လေးသာ ဒီကားကြီးက သိန်းထောင်ချီမှန်းကြည့်တာနဲ့သိသည် တမာန်သိချင်လာ၍ အိမ်အပေါ်အမြန်ပြေးတက်လိုက်သည် လှေကားက တိုတိုလေးဖြစ်သည့်အတွတ် တမဟုတ်ချင်း အိမ်ပေါ်ျရာက်သွားလေသည်

*တမာန် လာအုံး*

တမာန် အိမ်ပေါ်လှမ်းတက်လာသည်နှင့် ဒေါ်လေးကလှမ်းခေါ်လေပြီ ဒေါ်လေးနဲ့ဦးလေးရှေ့တွင် သပ်ရပ်စွာအဖိူးတန်အဝတ်အစားတွေနဲ့ လူကြီးနှစ်ယောက် ထိုအထဲမှ စိန်တွေဝတ်ထားပြီး အရမ်းကြည့်ကောင်းနေသည့် အန်တီကြီးက ကျနော့်အားပြုံးကြည့်နေလေသည် ကျနော်အကြည့်တွေကိုရုတ်သိမ်းကာ ဒေါ်လေးနားသွားထိုင်နေလိုက်သည်

*တမာန် ဒါကမင်းဖေဖေနဲ့မေမေပဲ *

*သားလေး *

တမာန် ခနအတွင်း ဘာမှမပြောနိုင်ပါ ဒီလောက်ချမ်းသာသည့် မိသားစုက ကျနော်ကပေါက်ဖွားလာတာတဲ့လား
ဘာလို့ကျနော့်ကိုခုမှပြန်လာရှာရသလဲ

*ဘာလို့ကျနော့်ကို ပစ်ထားခဲ့ရတာလဲ*

*မဟုတ် မဟုတ်ဘူးသားလေး မေမေတို့ကပစ်မထားပါဘူး သားဖေဖေရဲ့မိဘ‌ေတွဘက်က မေမေတို့တွေကို အလိုမရှိကြဘူး အဲ့တာမလို့ မေမေတို့လင်မယားနှစ်ယောက်က သားအန်တီဆီမှာ သားလေးကိုအပ်ထားခဲ့ပြီး အလုပ်တွေလုပ်ခဲ့တာပါသား *

*ဟုတ်တယ်သား မင်းမေမေပြောတာအမှန်တွေပဲ ဖေဖေတို့ပင်ပန်းကြီးစွာ လုပ်ကိုင်နေရတာကို ဖေဖေ့ဘက်ကမိဘတွေကမကြည့်ရက်လို့ပြန်ခေါ်ခဲ့ကြတယ် ဖေဖေတို့သားကို လာခေါ်ပေမယ့် သားဒေါ်လေးကအခြေအနေအရ အိမ်ပြောင်းရွှေ့သွားတယ်တဲ့ ဖေဖေတို့ လူလွှတ်စုံစမ်းခိုင်းပါသေးတယ် ဒါပေမယ့် အခုမှပဲသားလေးကိုပြန်ရှာတွေ့တာပါ*

တမာန်တော်ရဲ့ပျော်တော်ဆက်Where stories live. Discover now