2

3K 177 35
                                    

                         Unicode

"မားးးးး"

နှစ်ယောက်ပြိုင်တူအော်သံက ကျယ်လွန်းတာကြောင့် ဧည့်ခန်းထဲကလူကြီးတွေ နားကိုအသာအုပ်လိုက်ရသည်။

"ဘာလို့ အဲ့လောက်အော်နေကြတာလဲ"

"မားတို့ပြောတာလည်း ပြန်နားထောင်ကြည့်အုံး။ ခုချိန်မှာသားတို့ကလင်လင်တွေဖြစ်ကုန်ပြီ အဲ့ဒါကိုခွဲနေခိုင်းတယ်တဲ့လား။"

"ဟုတ်တယ် သားတို့ဟိုဟာလည်းလုပ်ပြီးပြီ။"

"ဒိုဂျောင်ဆူး!!!!! လူကြီးတွေရှေ့မှာပြောစရာလား"

"အ့ မားနာတယ်"

ဂျောင်ဆူးနားရွက်ကိုဆွဲနေတဲ့ မားရှေ့ချန်ယောလ်အမြန်ပြေး၀င်ကာ ဂျောင်ဆူးကိုကာ‌ထားပေးမိသည်။

"အမလေး!!! မိဘတွေတဲ့သားလေးကို နှိပ်စက်နေတာ။"

"ဒိုဂျောင်ဆူး နင့်ပါးစပ်မပိတ်သေးဘူးလား။"

"မားကလည်း ဂျောင်ဆူးကိုအဲ့လိုကြမ်းကြမ်းတမ်းတမ်းမပြောပါနဲ့။"

"အမလေး ချန်ယောလ်ရယ် ဒင်းအပိုတွေလုပ်နေတာ "

"ဟင့် ချန်ယောလ်ဒီ‌အိမ်ကငါ့အတွက်မလုံခြုံတော့ဘူး။ မင်းမရှိတုန်းငါ့ကိုနှိပ်စက်ကျမှာ။"

"အမလေး တစ်သက်လုံးဒီမိဘတွေနဲ့နေလာတာကို ယောကျာ်းရှင့်သားပြောတာကြားလား ကျွန်မတို့ကပဲ ဒင်းကိုနှိပ်စက်နေတဲ့ ‌လူယုတ်မာတွေလိုလို။ ဒိုဂျောင်‌ဆူး နင့်ကိုနှိပ်စက်ရအောင် ငါတို့က နင့်ယောက္ခမတွေလား။"

"အဟွတ် အဟွတ်"

ပတ်ပါးပါးနဲ့ မားမား ရေနွေးသီးသွားသည်။

"ဟို ကျွန်မကအဲ့လိုပြောချင်လို့မဟုတ်ဘူး ဒီကောင်လေးကြောင့်။"

"ကျွန်တော်တို့ကလည်း ဂျောင်ဆူးကိုကိုယ့်သားအရင်းလို သဘောထားတာပါ။ "

"ဟုတ်သိပါတယ် ကျွန်မစကားမှားသွားလို့တောင်းပန်ပါတယ်။"

"မားမားတို့ လူကြီးချင်းဇာတ်လမ်းတွဲဆန်တာတွေ ခနရပ်။ ကျွန်တော်တို့ကိစ္စပြောကြရအောင် ကျွန်တော်တို့က‌‌ေတာ့ခွဲ‌မနေနိုင်ဘူး။"

One And Only My HeavenWhere stories live. Discover now