Episode 9 (Z +U)

2.7K 287 3
                                    

အပိုင်း ၉

မနက် ၈နာရီ ။ ဒီအချိန်က ကျောင်းသွားဖို့အတွက် စောလွန်းသေးပေမယ့် ရိပေါ် အစ်ကို အိမ်ရှေ့ ရောက်နေလေပြီ ။ အရင်က စာကြည့်တိုက်ရှေ့မှ စောင့်နေကြ ဖြစ်ပေမယ့် အခုတော့ အိမ်ထိ ဆိုင်ကယ်နဲ့လာခေါ်ပြီး ကျောင်းကိုတူတူ သွားခွင့်ရထားသည် ။ ဒါလဲ သူအမျိုးမျိုး
ကြံထားချင်းပင် ။ အစ်ကို့ ကျောင်းသွားမယ့် လမ်းနဲ့ မတူတူအောင် ပြောပြီး ဒီလိုလာကြိုခွင့်ရနေခြင်း ။

" အား အေးလိုက်တာ "

အိမ်ရှေ့ရောက်ပြီးဟု Phone ဆက်ထားပေမယ့် အခုထိ မဆင်းလာသေး ။ ညက အိမ်နောက်ကျပြီး မထပြန်ဘူး ထင်တယ် ။ အစ်ကိုက တစ်ခြားချိန်တွေ တက်ကြွ ပေမယ့် အအိပ်တော့ အတော်ကြီးသည် ။ အိပ်ပျော်လို့ ဆင်တက်နှိုးရင်တောင် မနိုးတဲ့ထဲ အစ်ကိုလဲပါသည် ။ ဒါလဲ သူနဲ့တူတူနေရင် သူစိတ်ရှည်ပြီး နိုးပေးရင် ဖြစ်ပါတယ်လေ ။ ကိုယ့်အတွေးနဲ့ကိုယ် သဘောကျနေရင်း ခြံတစ်ခါးပွင့်လာတော့ အစ်ကိုနဲ့ ရုပ်ဆင်ဆင်ရှိတဲ့ အန်တီ တစ်ယောက် ။ ရိပေါ်လဲ ကိုယ်တစ်ချက်ကိုင်းရင်း အရိုအသေပေးလိုက်သည်။

" ရိပေါ်လေးလား "

" ဟုတ် ဟုတ် ကျွန်တော့ ကိုသိတာလား "

အထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေတဲ့သူ့ကို အစ်ကို့မားက ပြုံးပြလာသည် ။ အေးချမ်းခြင်းနဲ့ဆိတ်ငြိမ်ခြင်းကို ပေါင်းစပ်ထားတဲ့အပြုံး ။ အစ်ကို့ အပြုံးကလဲ အန်တီဆီက အမွေရထားတာဖြစ်ရမည် ။

" အိမ်ထဲဝင်လေ သား ။ အပြင်မှာအေးတယ် "

" ဟို အစ်ကို ထွက်လာတော့မှာမို့ အန်တီ "

"မင်းအစ်ကို ခုမှ ပြင်တုန်း ။ လာ အထဲမှာဝင်ပြီးစောင့် "

" ဟုတ် "

ရိပေါ်လဲ မငြင်းသာတော့ဘဲ အိမ်ထဲသို့လိုက်ဝင်ရသည် ။
.
.
.
.
.
.
.

" ထိုင်နေနော် သား "

ဆိုဖာမှာဝင်ထိုင်းရင်း အစ်ကို့ အိမ်ကို သူ သေချာကြည့်မိသည်။ ဒါ ပထမဆုံး အစ်ကိုအိမ်ထဲရောက်ဖူးခြင်းပင် ဧည့်ခန်းက ရိုးရိုးရှင်းရှင်း ။ ပြီးတော့ အစ်ကို့ ငယ်ပုံလေးတွေနဲ့မိသားစုဓာတ်ပုံတွေ ချိတ်ထားတယ် ။ အစ်ကို တို့က မိသားစုလေးယောက်လား ။ မွေးချင်းမရှိလောက်ဘူးထင်ထားခဲ့တာ ။

Adieu, My Love (YIZHAN)Where stories live. Discover now