ချစ်သော (3)

422 61 5
                                    

(Unicode)

ညဥ့်နက်သည်အထိ အလုပ်လုပ်ပီး
မနက်ဆို တော်ရုံနဲ့မထနိုင်သည့် သူ့အဖို့
ဒီနေ့တော့ စောစောထပီး ချိန်းဆိုထားသည့်
နေရာကို အရောက်သွားနိုင်ဖို့လိုသည်

အပြင်ထွက်ဖို့မလွယ်ကူလှပေမယ့်လည်း
လွန်ခဲ့တဲ့တရက်ကတည်းက ဟိုလူယုတ်မာဆီက အပြင်ထွက်ခွင့်ကို အရယူနိုင်ရေးအတွက် ဖျော်ဖြေလျှင် သုံးနေကျ
ပလွေလေးကိုတော့ဓားစာခံအဖြစ်
အသုံးချလိုက်ရသည်

"ဒေါက် ဒေါက် ဒေါက်"
အခန်းတံခါးခေါက်သံကြောင့် အိပ်ရာထဲမှထွက်ပီး တံခါးသွားဖွင့်ပေးတော့
မတွေ့ချင်ဆုံး ထိုသူ

"Byun ဒီနေ့ မင်းပလွေသွားဝယ်မှာမလား
ဘယ်အချိန်သွားပီး ဘယ်အချိန်ပြန်လာမှာလဲ "

"အင်း ခဏနေသွားတော့မှာ ပြန်လာမယ့်အချိန်ကတော့ ကျွန်တော့် အလုပ်ချိန်မီရင် ရပီမလား အသက်မွေးဝမ်းကျောင်းပြုနေရတဲ့
ကျေးဇူးရှင်ကို အသစ်ပြန်ရွေးပီး ဝယ်ရတာဆိုတော့ ပြီးစလွယ် မြန်မြန်ဝယ်လာလို့
ဖြစ်ပါ့မလား"

"အေးလေ ထွက်ခွင့်ပေးလိုက်တယ်ဆိုပီး
မဟုတ်တာလုပ်ဖို့တော့ စိတ်မကူးနဲ့
ပြန်သိရလို့ကတော့ ငါ့အကြောင်းမင်းသိပါတယ် ဟင်း ဟင်း"

ပြောလည်းပြော လက်တဖက်က ပါးကိုပွတ်သက်လာ၏

လူကိုထိကပါးယိကပါးလုပ်နေသည်က တချက်မှ သတီစရာ မကောင်း

ထိုလူ၏လက်ကိုပုတ်ထုတ်လိုက်ပီး

"ခင်ဗျားပြောချင်တာ ဒါအကုန်ပဲမလား
ကျွန်တော်သွားဖို့ ပြင်ဆင်တော့မယ်"

အခန်းတံခါးကို ပြန်ပိတ်ဖို့အလုပ်

"နေဦး!"

တားမြစ်သံနဲ့အတူ ထိုသူ၏ leather shoeတဖက္က တံခါးကြားထဲသို့ ထိုးခံလိုက်သည်

"နောက်သုံးရက်နေရင် ငါတို့ဆီကို အရမ်းအရေးကြီးတဲ့ ဧည့်သည်လာလိမ့်မယ်
အဲ့ဒီနေ့အတွက် မင်းက mainပဲ
အကောင်းဆုံးပြင်ဆင်ထားပါ...ဧည့်သည်စိတ်တိုင်းကျဖျော်ဖြေပေးရမှာဆိုတော့
သူဘာတောင်းဆိုဆို မင်းဖြည့်ဆည်းပေးရမယ်....အဲ့တာငါအမိန့်ပဲ"

ချစ်သော (me after you)Where stories live. Discover now