Chapter 13

23.7K 2.6K 17
                                    

Unicode

ဖြုးမိုးတစ်ယောက် ၂ရက်လောက်နေမကောင်းဖြစ်လိုက်သည်။စနေတနင်္ဂနွေရုံးပိတ်ရက်ဖြစ်နေသဖြင့် အေးဆေးနားလ်ို့ရ၍သာ တော်သေးသည်။ နေမကောင်းသည့်အကြောင်း အိမ်ကိုမပြောဘူးလုပ်ထားသည်။ ဒါပေမယ့် အိမ်နှင့် ဖုန်းပြောတော့ ဖုန်းထဲမှာမြင်နေရတာ ​ဆိုသော်လည်း မျက်နှာမလန်းတာကြည့်ပီးမမက ချက်ချင်းတန်းသိသည်။ ပျာပျာသလဲ စိတ်ပူတာတွေမရှိပေမယ့် မေမေကတော့ ထုံးစံအတိုင်း ထမင်းသေချာစားဖို့၊ ဖုန်းမကြည့်ဖို့၊ စာတွေလည်းသိပ်မဖတ်ဖို့ မှာနေသည်။ သူဟာ အိမ်မှာတော့ အငယ်ဆုံးလေးဆိုပြီး အားလုံးရဲ့ ဖူးဖူးမှုတ်အလိုလိုက်ချင်းခံရသည်။ ငယ်ငယ်ကတည်းက ကျန်းမာရေးလည်းချုချာတော့ ဂရုစိုက်ပေးကြသည်။ အစားအသောက်လည်း အမှားမခံသူမို့ မမကဆိုအပြင်စာတွေသိပ်စားခိုင်း။ စားချင်တာမှန်သမျှ အိမ်မှာပဲလုပ်ကျွေးသည်။ ခက်တာက သူ။ သူက အာ့လို အခွင့်ထူးခံလူတန်းစားဖြစ်ရတာမကြိုက်ပါ။ သာမာန်လူတစ်ယောက်လိုသာ နေလိုသည်။ မွေးရာပါ သွေးလေးဖက်နာ ရှိသူမို့ ပင်ပန်းတာဘာမှမလုပ်နိုင်၊ လမ်းလေးနည်းနည်လျှောက်မိရင်တောင် ခြေထောက်တွေယောင်လာတတ်သည့်သူက တက္ကသိုလ်တက်တုန်းကလည်း ခြေလျင်တောင်တက်အသင်းဝင်လိုက်သေးသည်။Hiking tripတွေ မစခင်မှာဆို အမြဲထရိန်နင်ဆင်းရသည်။ ထရိန်နင်ဆင်းရသည့်ကာလေတွမှာ ခြေထောက်တောင်မ မနိုင်လောက်တဲ့အထိ ဒဏ်ခံရပေမယ့် သူဘယ်တော့မှ နောက်မဆုတ်ခဲ့။ တောင်တက်ခရီးစဥ်တွေမှာလည်း အနေအစားဆင်းရဲဒါတွေရှိလည်း အများနည်းတူ သတ်မှတ်ထားသည့် တောင်ထိပ်ထိတော့ ရအောင်တက်သည်။ တောင်ထိပ်ကိုရောက်မှ ခံစားနိုင်သည့် လက်ဆက်သည့် လေအေးများကိုသဘောကျသည်။ တောင်ပေါ်ကနေကြည့်ရသည့် ရှုခင်းတွေကိုလည်း နှစ်ခြိုက်သည်။ ထို့ကြောင့် တောင်တက်ရတာကို သူအလွန်သဘောကျသည်။ တောင်တက်ခရီးစဉ်ကပြန်လာရင်တော့ တစ်ပတ်လောက် ဆေးထိုးဆေးသောက်ရသည်တော့ မပြောလိုတော့ပါ။

အိမ်ကတော့ သူစိတ်ချမ်းသာရင်ပြီးရောဆိုပြီး အမြဲအလိုလိုက်ထားသည်။ အလိုလိုက်ထားလို့ အခွင့်အရေးပိုယူတာမျိုး သူမလုပ်ပါ။ အခုအချိန်ထိ သူကလည်း မဟုတ်တာ ဘာတစ်ခုမှမလုပ်ဖူးပေ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် အိမ်ကို အရင်ဦးဆုံး ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီးမှသာ လုပ်သည်။ လူကြီးတွေပေးထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိ။ သူ့ကိုအမြဲနားလည်ပေးသော မိသားစုရှိတာ သူ့ဘဝရဲ့ အကြီးမားဆုံးကံကောင်းမှုတစ်ခုပဲမဟုတ်လား။ ထိုကံကောင်းမှုကို သူတန်ဖိုးထားသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now