It's always You

2K 191 127
                                    

Unicode

နှောင့်နှေးမှုနှင့် အသားမကျသေးသောသူကာ အခန်းထဲဝယ်ထိုင်းမှိုင်းနေ၏။ သူ့ရဲ့ဒေါသကို ဘယ်အစေခံမှမခံနိုင်။ ဝှီးချဲပေါ် ၌သာ မျက်မှောင်ကုတ်၍ အချိန်ကုန်ဆုံးတက်သူ။ အမြဲလျင်မြန် သွက်လတ်တဲ့ လူငယ်ပီပီ ရောဂါနဲ့အသားမကျသေး။
အသက်ငယ်ရွယ်သေးတဲ့ CEO လေးဟာ နှလုံးရောဂါကြောင့် အိမ်ထဲမှာပဲ နေခဲ့ရတာ နှစ်ဝက်ခန့်ရှိချေပြီ။ ထိုအခြေအနေကြောင့်ပဲ သူဟာ အမြဲဒေါသထွက်နေတဲ့ ကျားအိုတစ်ကောင်လိုဖြစ်လာခဲ့သည်။

"သား နေ့လယ်စာစားတော့မလား?"

"မဆာသေးဘူး"

"အင်း အင်း"

စကားများများပြောရင်တောင် မောဟိုက်လာတာကြောင့် စကားကိုလိုရင်းတိုရှင်းသာ သူဖြေလေ့ရှိသည်။ Draco ရဲ့အခြေအနေ​ကိုကြည့်ပြီး မိဘတွေလည်း ဘာလုပ်ပေးရမှန်းမသိ။ နှလုံးအစားထိုးကုသဖို့ရာ အလှူရှင်ကလည်းရှာလို့မတွေ့ဖြစ်နေသည်။
နဂိုအသားဖြူသူမို့ ရောဂါကြောင့်ထပ်ပြီး ဖြူရော့လာတာကြောင့် သွေးရောင်တောင်မပေါ်တော့ချေ။
သူ့ရဲ့ဆံနွယ်တွေနဲ့ လိုက်ဖက်အောင် ဖြူဖတ်နေတော့သည်။

"ဘာလုပ်မလို့လဲ သခင်လေး"

"...."

ဝှီးချဲပေါ်ကနေ မတ်တပ်ရပ်ကာ တနေရာကို ဦးတည်သွားနေသူ။ အခန်းထဲရှိအစေခံမှာ အကြောက်ကြီးကြောက်နေရတော့သည်။ သူတို့ရဲ့သခင်လေးမှာ ရောဂါနဲ့မလိုက်အောင် ဒေါသကြီးလွန်းသည်ကို တအိမ်လုံးသိကြသည်။

"ကူပေးရမလား သခင်လေး"

"ငါ့ရှေ့ကဖယ်!!"

အဝတ်စားလဲချင်လို့ အဝတ်ဗီရိုကိုသွားနေရာ အခန်းတဝက်မှာတင် နှလုံးကမောလာသည်။
လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်လောက်အောင် နှိပ်စက်လွန်းတဲ့ ရောဂါကနေ မြန်မြန်ဝဋ်ချွတ်ချင်လှပြီ။

"သခင်လေး ရရဲ့လား"

"ဗုန်း~~"

နည်းနည်းလေးတောင် အမောမခံနိုင်ပါလား။
ငယ်ငယ်ကတည်းက သန်မာတဲ့ခန္ဓာကိုယ်က ဒီလောက်တောင်ပျော့ညံ့သွားပြီလား။
ဘာမှသုံးစားမရတဲ့နှလုံးကို ဓားနဲ့ထိုးလိုက်တာမှကောင်းဦးမယ်။

It's always You (Drarry)Nơi câu chuyện tồn tại. Hãy khám phá bây giờ