🎙 8 🎙

597 29 0
                                    

ထမင်းစားပွဲ​ပေါ်...ထမင်းဟင်းလေး​တွေချရင်း...မင်းသခင်​..​နေဘုန်းခနဲ့ဖိုးကစ်​ကိုကြည့်​ပြီး..ပြုံးလိုက်​မိတယ်​...​နေဘုန်းခက..ဖိုးကစ်​​လေးကို...ထမင်း​ကျွေး​နေတာ​လေ...ဖိုးကစ်​က​တော့အ​ဆော့တစ်​ဖက်​အစားတစ်​ဖက်​​ပေါ့...သီဟတို့ရဲ့ အသုဘလည်းမ​နေ့ကပဲ ပြီးခဲ့ပါပြီ...ပတ်​ဝန်းကျင်​ရဲ့အကြံ​ပေးမှု...နှစ်​ဦးသားတတ်​သမျှနဲ့ဝိုင်းဝန်းလုပ်​ကိုင်​​ခဲ့ကြ​ပေမယ့်​...အသုဘပြီး​တော့..နှစ်​ဦးသား...ဖတ်​ဖတ်​ကို​မေားလို့....တစ်​​နေကုန်​နားလိုက်​ရတယ်​...ဒီ​နေ့လည်းကိုယ်​စီ..ခွင့်​ယူထားလိုက်​ကြတယ်​​လေ....ဒါ​ကြောင့်​..အိမ်​မှာနှစ်​​ယောက်​သားက​လေးထိန်း​ပေါ့.....ဖိုးကစ်​​လေးကိုသနားတဲ့သူကလည်းသနားကြ...စိတ်​မ​ကောင်းဖြစ်​တဲ့သူ​တွေလည်းဖြသ်​ကြနဲ့....အသုဘက​တော့...နည်းနည်းလူစည်​ခဲ့ပါတယ်​....

”​အော်​..​နေဘုန်းခ...ဘုန်းကြီး​ကျောင်းက..ငှါထားတဲ့စာပွဲဝိုင်း​တွေ..ဒီ​နေ့ပြန်​​ပေးမှာလား....”

ဟင်းပန်​ကန်​​လေးချရင်း..မင်းသခင်​ရဲ့အ​မေး​ကြောင့်​..​နေဘုန်းခလည်း..က​လေးထမင်း​ကျွေး​နေရာမှ.​ခေါင်​​ထောင်​ကြည့်​ပြီး....

”အွန်း...ဒီည​နေ..ပို့ဖို့..စီစဉ်​ထားတယ်​....ပန်​ကန်​​တွေ​ရော​ပေါ့.....”

”အင်း​ကောင်းပါတယ်​...ကဲ...ထမင်းစားရ​အောင်​....”

”ကဲ..သားဖိုးကစ်​​ရေ....ဦးဦးမန်းစားမယ်​​နော်​..ကဲ..ဒီအရုပ်​​လေး​တွေနဲ့​ဆော့..ဟတ်​လား....”

ပြေားလဲ​ပြေား...ဖိုးကစ်​​လေးလက်​ထဲအရုပ်​ထည့်​​ပေးရင်း...ထမင်းဝိုင်းဘက်​ လှည့်​လာ​သော..​နေဘုန်းခကိုကြည့်​ကာ...မင်းသခင်​ရယ်​လိုက်​ရင်း....

”တကယ့်​က​လေးအ​ဖေကြ​နေတာပဲ...ဟက်​ဟက်​...”

”ဘာဖြသ်​လဲ..မကြာခင်​..ငါတို့က​လေးဖြစ်​​တော့မှာ..မင်းလည်း..က​လေးအ​မေဖြစ်​​တော့မှာဗျ...ဟိဟိ....”

”​ကောင်​စုတ်​...ကဲစားစား..​ရော့..ငါ့ထက်​..တစ်​လကြီး​တော့..အရင်​ဦးချရတယ်​...မင်းကြိုက်​တဲ့..ကြက်​သားတုံး...”

မတ်ေတာရဲ့ထုထညျ  မေတ္တာရဲ့ထုထည် [Complete]Where stories live. Discover now