Part-5 ( a secret )

487 75 2
                                    

Unicode

​လေးနှစ်​တာအချိန်​ကုန်​ဆုံးသွားပြီး​နောက်​ ယုဖုန်းရဲ့စကားသံ​တွေဟာ ပီသလာခဲ့ပြီး သူ့စာ​ပေအရည်​အချင်းနှင့်ပတ်​သက်​ကာ ဘယ်​သူတစ်​ဦးတစ်​​ယောက်​မှမ​ဝေဖန်​ရဲ​အောင်​ သူသက်​​သေပြနိုင်​ခဲ့သည်​။

အဖြူအနက်​ရှီချန်းကျောင်းဝတ်​စုံကိုဆင်​မြန်းကာ ​ကျောက်​စိမ်းဆံထိုးအနီ​ရောင်​နှင့် အနက်​​ရောင်​ဓားတစ်​လက်​ကိုကိုင်​​ဆောင်​ထားတတ်​သည့် ထိုက​လေးငယ်​ဟာ အတိုက်​အခိုက်​ပညာကိုသင်​ယူဖို့​တော့ အ​သေအလဲငြင်းဆန်​​နေဆဲပင်​။

ရှီချန်း​ကျောင်းဝန်းအတွင်း အပင်​ကြီး​တွေ​အောက်​မှာ ​ကျောင်းသား​တွေဟိုတစ်​စုသည်​တစ်​စုဝိုင်းဖွဲ့​နေကြပြီး ထျန်းရိနှင့် ယုဖုန်းလည်း ခပ်​ပုပုအပင်​ရဲ့ပင်​စည်​ကိုမှီကာ စာဖတ်​​နေကြသည်​။

"ရိရိ..."
"အင်း......"
"ယုအာပျင်းတယ်​....."

ထျန်းရိ ဖတ်​​နေသည့် စာအုပ်​ကို ယုဖုန်းကယူပိတ်​လိုက်​သည်​။

"ဘာလုပ်​ချင်​လို့လဲ....."
"​ရေတံခွန်​သွားရ​အောင်​​လေ....."
"ဟိုတစ်​​နေ့ကမှသွားထားတာမဟုတ်​ဘူးလား...."
"သွားထားလည်း ယုအာထပ်​သွားချင်​တယ်​​လေ......
​နော်​.... ရိရိ....သွားရ​အောင်​ပါ....."
"​ရေအကြာကြီးမ​ဆော့ရဘူး​နော်​......"
"ဟုတ်​!
သွားကြမယ်​ကွ..."

နှစ်​​ယောက်​သား​ကျောင်းအပြင်​ထွက်​လိုက်​သည်​နှင့် ဘင်းဝမ်​အပါအဝင်​တခြားကိုယ်​ရံ​တော်​​လေး​ယောက်​ပါ အနား​ရောက်​လာသည်​။

"​ရေသွားကူးကြမယ်​ ဝမ်​ဝမ်​!"

သခင်​​လေးမုထျန်းရိနဲ့ လက်​ချင်းတွဲပြီး ​ရှေ့က​နေအမြန်​ထွက်​သွားသည့် မင်းသား​လေး​နောက်​သူတို့ငါး​ယောက်​လည်းအမြန်​လိုက်​ရသည်​။

"ဝူ ဟူး!!!"

အဝတ်​​တွေအကုန်​ချွတ်​ပြီး ဆံထိုးကိုဖြုတ်​ကာ ​ရေထဲခုန်​ချသွားသည့်ယုအာက ငါးနှစ်​သား​လေးတုန်းကလို ​ရေထဲပလုံမသွားဘဲ ​ရေ​ပေါ်မှာသာဖားကူးကူး​နေသည်​။

သူတို့ပဲသိသည့်​နေရာမို့ သူစိမ်းတွေမလာကြရာ ဘင်းဝမ်​တို့လည်းအဝတ်​​တွေချွတ်​ပြီး ခုန်​ဆင်းသည်​။

Black EyesWhere stories live. Discover now