.. ၈၂ ..
17.6K 1.8K 63
《Zawgyi》
အပိုင်း - ၈၂
[ငါ စိတ်အနှောင့်အယှက်ဖြစ်တယ် - ၁]
လေယာဉ်ဟာ တဖြည်းဖြည်းနှင့် မြင့်တက်သွားလေ၏။ ချင်းစုယွဲ့သည် ပြတင်းပေါက် အပြင်ဘက်မှ ဖြည်းဖြည်းချင်း မှုန်ဝါးလို့သွားသော ရင်းနှီးနေသည့် မြင်ကွင်းတွင် တွေဝေနစ်မောလို့နေသည် ... ဝတ္ထုထဲတွင် အချိန်ကုန်ဆုံးသည်မှာ တော်တော်လေးကို မြန်ဆန်လှသည်။
ငယ်ရွယ်ပြီး လှပသည့် လူရိပ်သဏ္ဋာန်နှစ်ခုမှာ လေယာဉ်ပေါ်မှ ဆင်းလာကြပြီးနောက် လေဆိပ်၏ထွက်ပေါက်ဆီသို့ ဦးတည်၍ လူအုပ်ကြားထဲမှ ဖြတ်သန်းလာသည်။
ရှန့်ကျင်းမြို့၏ စက်တင်ဘာလ မိုးကောင်ကင်ကြီးမှာ ပြာလွင်နေကာ တိမ်ကင်းစင်နေလျက် နေရောင်ခြည်မှာလည်း လူအုပ်ကြားထဲသို့ ညင်သာသိမ်မွေ့စွာ ဖြာကျနေ၏။ နူးညံ့သိမ်မွေ့သည့် လေပြေလေညင်းလေးက ဖြတ်သန်းတိုက်ခတ်သွားသည့်အခါ လူတွေအား စိတ်အေးချမ်းကာ သက်တောင့်သက်သာနှင့် ရွှင်မြူးလှသည့် ခံစားချက်အား ပေးစွမ်းစေနိုင်လေသည်။
နွေးထွေးသည့် နေရောင်ခြည်နှင့် အသာအယာ တိုက်ခတ်လာသည့် လေပြေညှင်းအား ခံစားနေရင်းမှ အနက်ရောင် ရှပ်အင်္ကျီ လက်ရှည်နှင့် ဘောင်းဘီရှည်အား ဝတ်ဆင်ထားသည့် ရှချောင်းမှာ သူ့နှုတ်ခမ်းထောင့်ကို တွန့်ကွေးလျက် အံ့အားသင့်စွာဖြင့် ... "မင်းက မတူညီတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံရရင်တောင် ဘာလို့ အမြဲတမ်း အရမ်းကို တည်ငြိမ်အေးဆေးနေတာလဲဆိုတာ ကိုယ်နောက်ဆုံးတော့ သဘောပေါက်သွားပြီ"
"ရှင် ဘာကိုဆိုလိုတာလဲ?" ချင်းစုယွဲ့ဟာ သူမရဲ့ နေကာမျက်မှန်ကို ချွတ်လိုက်ရင်း သူ့ကိုကြည့်ဖို့အတွက် သူမရဲ့ဦးခေါင်းကို တိမ်းစောင်းလိုက်သည်။
"ပတ်ဝန်းကျင် နယ်မြေဒေသရဲ့ ပြိုင်ဘက်ကင်း ထင်ခြားတဲ့ အသွင်အပြင်တွေက အဲဒီမှာ နေထိုင်တဲ့သူတွေကို ထူးခြားတဲ့ အသွင်အပြင်တွေကို အမြဲတမ်း ပေးလေ့ရှိတယ်လေ!" ရှချောင်းက သူမအား တောက်တောက်ပပ ပြုံးပြလိုက်၏။
ချင်းစုယွဲ့ဟာ သူ့ရဲ့ တသီတသန်း ဖွဲ့ဆိုမှုနောက်ကွယ်တွင် ငုက်လျှိုးနေသည့် အဓိပ္ပါယ်အား နားလည်သွားလေသည်။ သူက ရှန်ကျင်းမြို့၏ ဥတုရာသီ အခြေအနေအား ချီးကျူးနေတာပင် ဖြစ်၏! ထိုသည်မှာ တကယ်ကိုပဲ မှန်ကန်ပေသည်။ ဝတ္ထုထဲတွင်တောင်မှ စာရေးသူသည် ရှန်ကျင်းမြို့အား "ဆောင်းရာသီတွင် နွေးထွေး၍ နွေရာသီတွင် အေးမြပေသည်" ဟူ၍ ရေးသားဖော်ပြခဲ့လေသည်။ ဤမြို့၏ ရာသီဥတုလေးမျိုးလုံးမှာ နွေဦးရာသီကဲ့သို့ နေထိုင်၍ ကောင်းမွန်လှချေ၏။