💛💛💛

6 1 0
                                    

ပျော်နေတယ်မလား ရာဇီ
ပျော်နေမှာပေါ့နော်
အချစ်ကို တွေ့တဲ့အချိန်က
အပျော်ဆုံးဆိုတာ သိတာပေါ့
မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်လို့ပြောရအောင်လည်း
မင်းဘက်က သေချာခဲ့တာမှမဟုတ်တာ
ကိုယ့်တစ်ဖက်တည်းကပဲ မှတ်ယူခဲ့တာမလား
လှပလွန်းတဲ့ အမှတ်တရတွေအတွက် ကျေးဇူးပါလို့
မပြောပေးနိုင်ဘူးနော် အဲ့လှပမှုတွေနဲ့ထပ်တူ
နာကျင်မှုတွေကိုခံစားခဲ့ရတာမို့

မျက်နှာချင်းဆိုင်တွေ့တဲ့အခါတော့
မင်းကိုမကြည့်မိအောင် ကြိုးစားရမှာပေါ့လေ
မင်းနဲ့မရင်းနှီးသေးတဲ့အချိန်တုန်းကလိုမျိုး
မင်းကိုဆက်ဆံတတ်အောင် သင်ယူရဦးမယ်
ဝဋ်ကြွေးဆိုရင်လည်း ကျေပါစေတော့လေ

16.2.2020
19:06pm

Love LetterWhere stories live. Discover now