.. ၈၆ ..
17.7K 1.9K 140
《Zawgyi》
အပိုင်း - ၈၆
[မင်းရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တာ - ၂]
"ကိုယ်က မင်းကို အိမ်ပြန်ပို့ပေးမယ်လို့ သဘောတူခဲ့လို့လား?" ချန်းစီနျန်က ဗလာသက်သက် လေသံဖြင့် ပြန်ပြောလိုက်၏။
"ရှင် ..... "ချင်းစုယွဲ့မှာ ပြောစရာစကားပင် မရှိရှာတော့ပေ! ဒီလူ ဘာတွေ အကွက်ချနေတာတုန်းဟ?
ကားသည် ရင်းနှီးနေသည့် လူနေအိမ်ရာတစ်ခုသို့ ရောက်ရှိသွားပြီးနောက် အချိန်အတန်ကြာ သေချာစဉ်းစားကြည့်ပြီးသည့် အခါမှာတော့ ထိုနေရာအား သူမ အဘယ်အတွက်ကြောင့် ရင်းနှီးနေရသလဲဆိုသည်ကို နောက်ဆုံးတွင် မှတ်မိသွားလေသည်။ ဒါက ချန်းစီနျန်နေတဲ့ နေရာပဲ!
ချန်းစီနျန် သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်နေစဉ်မှာ ချင်းစုယွဲ့က သူ့အား တမင်သက်သက် ပြုံးပြလိုက်ရင်း မေးလိုက်၏။ "စီအီးအိုချန်းက ကျွန်မကို လဘက်ရည် တစ်ခွက်လောက် သောက်ဖို့များ ဖိတ်ခေါ်မလို့လားရှင့်?"
"အင်း ... ချင်းမိန်းကလေးကရော ကိုယ့်ကို ဒီလိုအခွင့်အရေး ပေးနိုင်မလား?"
"မပေးချင်ဘူး"
ချန်းစီနျန်ဟာ သူ့ခေါင်းကို တိမ်းစောင်းလိုက်ပြီး သူမအား အချိန်အတော်ကြာ စိုက်ကြည့်နေ၏။ ချန်းစီနျန် ချင်းစုယွဲ့အား အချိန်အကြာကြီးကိုမှ စိုက်ကြည့်နေသည်မှာ မည်မျှထိလဲဆိုလျှင် သူမရဲ့ ကျောရိုးအတွင်းထဲမှနေ အေးစိမ့်စိမ့်ခံစားရကာ မောပန်းဖိစီးလာသည်အထိပင်။ နောက်ဆုံးမှာတော့ သူဟာ လေးလေးနက်နက် အသံဖြင့် မေးလာခဲ့သည်။ "ရှချောင်းနဲ့ မင်းနဲ့ကြားက ဆက်ဆံရေးက ဘာလဲ?"
"ဘာဆက်ဆံရေးလဲ?"
"မင်းတို့ အတူတူ အပြင်ထွက်ကြလား?"
ချင်းစုယွဲ့ဟာ ဒီရုတ်တရက် မေးခွန်းကြောင့် တွေဝေမိန်းမောသွား၏။ ဒီလူက ဘာလို့ ရုတ်တရက်ကြီး ရှချောင်းအပေါ် စိတ်ဝင်စားသွားရတာတုန်း?
ချန်းစီနျန်ဟာ မျက်တောင် တဖျပ်ဖျပ်ခပ်နေသော သူမ၏ လှပသည့် မျက်ဝန်းတစ်စုံအား အသေအချာ စိုက်ကြည့်နေသည်။ ကြည့်ရတာ သူမက သူ့မေးခွန်းအား ဘယ်လိုမျိုး ပြန်ဖြေရမလဲဟု တစိမ့်စိမ့် တွေးဆနေပုံပေါ်ပေမယ့် ချန်းစီနျန်ကတော့ ဆက်မစောင့်နိုင်တော့ပဲ စိတ်မရှည်စွာဖြင့် ... "သူနဲ့ စကားမပြောနဲ့တော့"