4.9 (Arc 4 end)

2.9K 286 29
                                    

Reshu သူ့ချစ်​သူ အကူအညီရဖို့ 'ချိုချိုသာသာ'ပြုံးလိုက်​သည်​။ "အ​ဖေကလဲ,
ဒါက 'ကိုယ်​​ရေးကိုယ်​တာ'​လေဗျာ။ အ​ဖေက ဘယ်​တုန်းက ကျွန်​​တော့်​ရဲ့
ကိုယ်​​ရေးကိုယ်​တာကို သိချင်​သွားလဲ။
ကျွန်​​တော်​ ​ပြောရဲတယ်​။ အ​ဖေ ကျွန်​​တော်​တို့ ပတ်​သတ်​မှုကို ဝမ်းသာ​နေတာမှတ်​လား?" သူ ​ပြောလိုက်​​တော့ အနီးအနားက 
လေထုရဲ့အ​ရောင်​အဝါ ချက်​ချင်း
ပြောင်းလဲသွား​တော့သည်​။

သနားစရာ ဧကရာဇ်​ ခဗျာ့ သူချစ်​ရတဲ့သား​လေး မ​တော်​တဆမဖြစ်​ခင်​က အချိန်​တုန်းက
အ​ကြောင်းကို သတိပြုမိသွားသည်​။ သူ
ဘယ်​တုန်းကမှ သူ့သား​လေးရဲ့
ကိုယ်​​ရေးကိုယ်​တာကိစ္စကို ဝင်​မစွတ်​ဖက်​ခဲ့ဘူးဘူး။ ဒါ​ကြောင့်​ သူ အ​နေခက်​စွာ ရီလိုက်​ပြီး, "မဟုတ်​ပါဘူး။ ဒီလို မဟုတ်​ဘူး​လေ ယုအာ​လေးရဲ့ ။ ယုအာ​လေးသာ ​ပျော်​မယ်​ဆိုရင်​ အ​ဖေက ယုအာ ​ရွှေးချယ်​တာကို
မငြင်းပါဘူး"

ဒါကို ကြား​တော့ Renshu မျက်​လုံး​တွေ ​တောက်​ပသွားသည်​။ "ကျွန်​​တော်​တို့ဆက်​ဆံ​ရေးကို လက်​ခံ​ပေးတဲ့အတွက်​ ​ကျေးဇူးပဲ ​​ဖေ​ဖေ။ ဒါဆို မိန်းက​လေးရီနဲ့ ကျွန်​​တော့်​​စေ့စပ်​ပွဲကို ဖျက်​​ပေး​နော်​။ ဟုတ်​တယ်​မှတ်​လား? သူနဲ့တတိယမင်းသား​လေးနဲ့ လက်​ထပ်​​ပေးဖို့ ကျွန်​​တော်​အကြံ​ပေးတယ်​ဗျ။ မိန်းက​လေးရီက သူ့ကို ​နွေဦးအမဲလိုက်​ပွဲထဲက ပိုးပန်း​နေတာ​လေ"

"ရွံစရာ​ကောင်းလိုက်​တာ! ဒီမိန်းမက ​စေ့စပ်​ပြီးသား ရှိရက်​နဲ့ တခြား​ယောကျာ်းတစ်​​ယောက်​ကို ပိုးပန်း​နေတယ်​ဆိုတာ အ​ဖေ မသိခဲ့ဘူး။
ဒါ​ပေါ့ ယုအာ, မင်းအ​ဖေက အာ့မိန်းမနဲ့​စေ့စပ်​ပွဲကို ပယ်​ဖျက်​​ပေးမယ်​။ ဟမ့်​! ဒင်းက ငါ့သားရဲ့​ဝေးရာမှာ ​နေဖို့ ကြိုးစာပြီး ဒီထက်​ငယ်​တဲ့သူကို အရှက်​မရှိ ပိုးပန်း​နေမှ​တော့ , သူမ လိုချင်​တာကို ခွင့်​ပြု​ပေးရမှာ​ပေါ့!" ဧကရာဇ်
ပေါက်​ကွဲသွား​လေသည်​။ Renshu ဒီကမ္ဘာကို ဝိဥာည်​ ကူး​ပြောင်းလာကထဲက
အိမ်​​ရှေ့စံအပြုအမူကို ​ပြောင်းလဲလိုက်​ပြီး၊ ဧကရာဇ်​ နဲ့ ပိုမို နီးကပ်​လာတယ်​​လေ။ ဒီလို စိတ်​မချမ်းသားစဖွယ်​ ကို ကြားလိုက်​ရ​တော့
ဒါ​ပေါ့ သူ တစ်​ခုခု ကြံ​နေတာ​ပေါ့။ သူက ဧကရာဇ်​​လေ။ Renshu သူ့​နေရာကို
သူ'သက်​​တော်​​စောင့်​'နဲ့အတူ ပြန်​သွားသည်​။ မိန်းမစိုးကို သူ့အ​ဆောင်​ထဲ ​ခေါ်လိုက်​သည်​။ အမိန့်​ပြန်​တမ်းအသစ်​ ထုတ်​ပြန်​​ဖို့​ပေါ့။

Elite System MM Translation Where stories live. Discover now