.. ၈၈ ..
18.1K 1.9K 105
《Zawgyi》
အပိုင်း - ၈၈
[ဇာတ်ကြောင်းက ပြောင်းလဲသွားပြီ - ၁]
ချန်းစီနျန်နှင့် ချင်းစုယွဲ့တို့ နှစ်ယောက်လုံးမှာ တစ်ယောက်နှင့်တစ်ယောက် နောက်ဆုတ် အလျော့ပေးဖို့ စိတ်ကူးမရှိကြချေ။ လက်ရုံးရည်ထက် နှလုံးရည်ဥာဏ်ရည်ဖြင့်သာ ရင်ဆိုင်လိုသည့် စိတ်အခြေအနေ ရှိမနေသည့် ချင်းစုယွဲ့က ... "စီအီးအိုချန်းက ကျွန်မကို ကျောင်း ပြန်ပို့ပေးနိုင်တဲ့အထိများ သဘောထားကြီးပေးနိုင်မလားရှင့်?"
ချန်းစီနျန်က ရုတ်တရက်ကြီး ငါလေးကို သူ့တိုက်ခန်းထဲထိ လာဖို့ ပြောလိုက်တာကို တခြားသူတွေကြားရင် ဘယ်လိုထင်မလဲလို့? ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းက အဲ့လောက်ကြီး ရင်းနှီးသွားရတာတုန်း ငါကိုယ်တိုင်တောင် မသိလိုက်ရပါလား ... လွန်ခဲ့တဲ့ ၂နှစ်အတွင်း ငါတို့ စကားတစ်ခွန်းတောင် သေသေချာချာ မပြောမိခဲ့ပါဘူးနော် ...
ချန်းစီနျန်က သူမကို ပြုံးလိုက်သည်။ "ကိုယ်နဲ့အတူရှိနေရတာ အဲ့ဒီလောက်တောင် သက်တောင့်သက်သာ မရှိဘူးပေါ့?"
ချင်းစုယွဲ့က ပုခုံးအသာတွန့်လိုက်၏။ "ကျွန်မ တစ်ကယ်တော့ တော်တော်လေး စိတ်မသက်မသာ ခံစားနေရတယ် ... အခုကစပြီး ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ပဲ နေကြရအောင်" သူတို့ကြား၌ အလွယ်တကူပင် ပြောစရာစကား မရှိတော့ချေ။
သူမရဲ့ ပွင့်လင်းဗြောင်ကျလှသော စကားလုံးတွေအား ကြားလိုက်ရသည့်အခါ ချန်းစီနျန်၏မျက်နှာမှာ ညှို့မှိုင်း မဲမှောင်လို့သွား၏။
ချင်းစုယွဲ့က ပြုံးလိုက်ရင်း "ဥက္ကဌချန်း ... ကျွန်မ အမှန်အတိုင်း ပြောနေတာပါ ... အကယ်၍ ရှင် ဒါကို လက်မခံနိုင်ဘူးဆိုရင်တောင်မှ ကျွန်မကို တစ်ယောက်ထဲ နေခွင့်ပေးပါ ... ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့နေကြတာကို ရပ်လိုက်ရအောင်"
"မင်းက ဒီစကားတွေကိုပဲ နောက်တခါထပ်ပြီး ပြန်ပြောနေတာလား"
"အဲဒါဆိုရင်လဲ ရှင် ဘာလို့ ကျွန်မကို ဆက်ပြီး ညှဉ်းပန်းနေသေးလဲ? ချန်းစီနျန် ရှင်ဘာကိုလိုချင်တာလဲ ကျွန်မ မသိပေမယ့် ရှင့်ကို အပျင်းပြေအောင် ဖျော်ဖြေပေးဖို့ ကျွန်မမှာ တစ်ကယ်ကို အချိန်မရှိဘူး" ချင်းစုယွဲ့က လျစ်လျူရှုကာ သာမန်ကာလျှံကာပဲ ပြောလိုက်သည်။ "ကျွန်မ စိတ်ကိုမဝင်စားတာ"