အပိုင်း ( 8 )

1.8K 56 1
                                    

Unicode

နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

အပိုင်း ( 8 )

 မနက်မိုးလင်းတော့ သူမရှိပါဘူး...သေချာပါတယ် သူ ချစ်ခွန်း စားဖို့တခုခုပြင်ဆင်နေတာပါ ။ သူ့အပြစ်တွေကိုသိတော့ စကားပြောဖို့ဆိုဝေးလို့...ချစ်ခွန်း ရဲ့ မျက်နှာတောင်မကြည့်ရဲပါဘူး…

 " တီ...တီ..တီ.."

 အိမ်ရှေ့မှာ တီးနေတဲ့ကားဟွန်းသံကြောင့် သျားမင်း မျက်နှာတချက် ပျက်သွားပါတယ် ။ သူသိနေပါတယ် အဲ့ဒါ ငြိုးမာန်ဖြစ်လိမ့်မယ်ဆိုတာ ။ 

 " သျှားမင်း ငါ အပြင်သွားလိုက်အုံးမယ် … မင်းလဲအပြင်သွားမယ်ဆိုရင် တံခါးတွေသေချာ ပိတ်ထား "

 " ချစ်ခွန်း မင်းတကယ် သွားတော့မှာလား...ပြောတော့ Bar ဆိုင်ထိုင်မှာဆို...အစောကြီးရှိသေးတယ်မဟုတ်ဘူးလား " 

 " ငြိုးမာန် က သူ့အမေရဲ့ကိစ္စတခုကို လိုက်ဖို့ အကူအညီတောင်းလို့ ငါ လိုက်သွားပေးမလို့ ...အော်မေ့နေလို့...ငါ့ကို ထမင်းစားစောင့်မနေနဲ့နော်…  ညမိုးချူပ်မယ် "

 "  ငါလုပ်ထားတဲ့မနက်စာလေး မစားတော့ဘူးလား "

 " မင်းပဲစားလိုက်တော့ ငါအပြင်မှာပဲစားလိုက်တေ့မယ်… "

 " ကောင်းပြီလေ...မင်းက အဲ့လိုလုပ်မှ ဖြစ်မယ်ဆိုတော့လဲ "

 " သွားပြီ.. တော်ကြာ ငြိုးမာန် ငါ့ကိုစောင့်နေရလိမ့်မယ် "

 ဒုန်း ...ဂလွမ်း...ဒုန်း.. 

 သျှားမင်း က ချစ်ခွန်း နဲ့အတူစားဖို့ ထမင်းကြော် ကို ကြက်ဥချောင်း နဲ့ လက်ဖက်ရည် တွေကို အကုန်သွန်ပြီး မီးဖိုချောင်မှာ သောင်းကျန်းရင်း… တစ်ယောက်တည်း ထိုင်ငိုနေပါတော့တယ်...။ အရမ်းချစ်လာရင် ယောကျာ်း တစ်ယောက်ဖြစ်ပေမယ့် ဝမ်းနည်းပြီး ငိုမိတာတော့ ဘယ်တတ်နိူင်မလဲ ။ 

 " သျှားမင်း သျှားမင်း အဲ့ဒါမင်းအပြစ်တွေ.. .မင်းအပြစ်တွေလေကွာ...မင်းဘာလို့ အရက်​တွေ မူးအောင်သောက်ရတာလဲ… မင်းဘာလို့ ဟိုတစ်ယောက်ကို သွားပြီးနမ်းမိလဲ...ငါကွာ . ..ငါ...ငါ… တော်တော်မိုက်တာပဲကွာ… "

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Where stories live. Discover now