.. ၉၀ ..
18.5K 2K 177
《Zawgyi》
အပိုင်း - ၉၀
[ရှန်ဝမ်းယန့် ပြန်လာပြီ - ၁]
ချင်းစုယွဲ့ဟာ ကျုံချင်းနှင့် တွေ့ဆုံပြီးသည့်အခါတွင်တော့ ချန်းစီနျန်၏ စကားတွေအား စိတ်ထဲတွင် ရှိမနေတော့ပေ။ သူမ ချင်းမိသားစုထံ ပြန်ရောက်ရှိချိန်မှာ မာမားပိုင်နဉ်းက သူမအတွက် စားကောင်းသောက်ဖွယ်တွေအား ဘယ်လိုတောင် ရွှင်မြူးတက်ကြွစွာဖြင့် ပြင်ဆင်ပေးနေသည်အား တွေ့လိုက်ရသည့်အခါ ရင်ထဲကနေပင် လှိုက်လှိုက်လဲလဲ ခံစားလိုက်ရ၏။
အန်တီချန်းက ချက်ပြုတ်ထားသည့် ဟင်းပွဲတွေအား စကားပေါ်သို့ ယူလာနေရင်းမှ ချင်းစုယွဲ့အား တောက်ပစွာ ပြုံးပြလိုက်သည်။ "ချင်းသခင်မကြီးက သမီး ဒီညပြန်လာမယ်ဆိုတာကို သိရတော့ ဒီနေ့လည်ထဲက သမီးအတွက် ဟင်းတွေ သေချာပြင်ဆင်ပေးနေခဲ့တာ ... အချိန်အကြာကြီးကို မီးဖိုခန်းထဲမှာ ဟင်းတွေမထပ်အောင် ကြိုးစားပြင်ပေးနေခဲ့တာလေ ... မမလေးရေ ဒီဟင်းပွဲတွေအကုန်လုံးက ချင်းသခင်မကြီးကိုယ်တိုင် ချက်ထားတာနော်"
မာမားပိုင်နဉ်းဟာ သူမရဲ့သမီးလေး ပြန်လာသည်ကို ကြားလိုက်ရတော့ လက်တွေသုတ်နေရင်း မီးဖိုခန်းထဲမှ ထွက်လာကာ ပြုံးပြလိုက်ရင်း ... "သမီး ပင်ပန်းလာပြီလား? ပင်ပန်းလာရင် အပေါ်တက်ပြီး ခဏလောက် အနားယူလိုက်လေ"
ချင်းစုယွဲ့က မာမားပိုင်နဉ်းအား တွေ့လိုက်ရတော့ ပွေ့ဖက်လိုက်ကာ ရယ်ပြုံးစွာဖြင့် ပြန်ပြောလိုက်သည်။ "မာမားကလည်း နောက်ကျရင် မာမားချက်ထားတဲ့ ဟင်းတွေအကုန်လုံးကို ကုန်အောင် ဘယ်လို စားရမှာလဲလို့?"
"ရပါတယ်ရှင် ရပါတယ် ... သမီးက အိမ်ကို ကြုံတောင့်ကြုံခဲ ပြန်လာတာကိုး!"
ချင်းစုယွဲ့မှာ ထိုစကားကို ကြားလိုက်ရပြီးသည့်နောက်မှာ ပိုလို့ပင် ရှက်ရွံ့မိသွားသည်။ စာတွေနှင့် အလုပ်ကြောင့် သူမမှာ အိမ်ကို ပြန်လာသည်မှာ ရှားပါးလွန်းလှ၏။ ချင်းစုယွဲ့က ချိုသာစွာ ပြုံးလိုက်ရင်း မာမားပိုင်နဉ်း၏ လက်မောင်းများအား ဖက်တွယ်လျက် ... "မာမား သမီးလေ နောင်အနာဂတ်ကျရင် အိမ်ကို မကြာမကြာ ပြန်လာနိုင်ဖို့ အချိန်ရှာကြည့်ရင်ရော ဘယ်လိုလဲဟင်?"