.. ၉၄ ..
18.3K 1.9K 133
《Zawgyi》
အပိုင်း - ၉၄
[ကိုယ့်ကို စောင့်နေနော်]
Aမြို့တွင် လေယာဉ်ဆိုက်သည်အထိ ချင်းစုယွဲ့မှာ စိတ်နှင့်လူနှင့် မကပ်သေးပဲ ဖြစ်နေသေးကာ ချန်းစီနျန်၏ ထိတ်လန့်အံ့အားသင့်ဖွယ် လုပ်ရပ်တွေကြောင့် သူမမှာ အတွေးထဲ၌ တွေဝေနစ်မြောနေခြင်းမှ ရုန်းမထွက်နိုင်သေးပေ။
သူက ဘာလို့ ငါ့ကို နမ်းရတာလဲ? သူ ကြိုက်ရမယ့်သူက ရှန်ဝမ်းယန့်ပဲ ဖြစ်သင့်တာလေ!
မှားယွင်းနေပြီ! သူ့ရဲ့ အာရုံစိုက်မှုတွေ အကုန်လုံးက ဘယ်အချိန်ထဲက ငါ့အပေါ် ပြောင်းလဲလာခဲ့တာလဲ?
ချင်းစုယွဲ့က ထိုအချိန်တုန်းက သူပြောခဲ့တဲ့ စကားတွေကို ပြန်တွေးကြည့်လိုက်၏။ "မင်း Aမြို့ကို ပြန်ရောက်ရင် ကိုယ် ဒီမှာ ကိစ္စလေးတွေ ဖြေရှင်းဖို့ အပြီးကို စောင့်နေနော် ... ပြီးသွားတာနဲ့ ကိုယ် မင်းဆီကို လိုက်လာခဲ့မယ်"
ထိုအချိန်၌ ချင်းစုယွဲ့မှာ သူ့စကားလုံးတွေထံ၌ မိန်းမောနေမိသဖြင့် သူပြောသည့် အဓိပ္ပါယ်အား သဘောမပေါက်မိခဲ့ပေ။ သို့ပေမယ့် အခုအချိန်မှာတော့ ထိတ်လန့်တုန်လှုပ်မှုမှ သက်သာလာသဖြင့် အကျိုးအကြောင်း ဆင်ခြင်သုံးသပ်နိုင်လေပြီ။ ထို့နောက်မှာတော့ သူ့ရဲ့ စကားလုံးတွေတွင် ဘာတွေ လွဲမှားနေသည်ဆိုတာ သူမ သတိပြုမိသွား၏။
ချန်းစီနျန်က ဘာလို့ Aမြို့ကို လာမှာလဲ?
တွေးလေတွေးလေ ငါတို့နှစ်ယောက်ကြားမှာ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့အတွက် ချန်းစီနျန်နဲ့ သေသေချာချာ စကားပြောဖို့ လိုတယ်ဟု ခံစားမိရလေလေပင်။ ငါ လုံးဝကို ချန်းစီနျန်ကို မကြိုက်ပါဘူးနော်! ဒါ့အပြင် ငါ့ကို အတင်းအဓမ္မကြီး နမ်းဖို့ သူ့ကို ဘယ်သူက ခွင့်ပြုပေးလိုက်လို့တုန်း? အဲ့ဒါက ငါ့ရဲ့ ပထမဆုံးအနမ်းလေး လေဟယ်! ဒေါသထွက်လိုက်တာ ...
ချင်းစုယွဲ့ တစ်ချိန်လုံး မျက်မှောင်ကုပ်နေသည်ကို တွေ့နေရတော့ ရှချောင်းက ... "မင်း ဘာဖြစ်နေတာလဲ? ရှန်ကျင်းမြို့က ထွက်လာထဲက မင်းစိတ်တွေ ပျံ့လွင့်နေတယ်လို့ ခံစားနေရသလိုပဲ"