.. ၉၅ ..
17.5K 1.8K 122
《Zawgyi》
အပိုင်း - ၉၅
[ကျေနပ်နေသော ပါပါး]
ချင်းစုယွဲ့မှာ ကြောက်ရွံစွာဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ်လောက် ပြန်ဆုတ်လိုက်ကာ ကမန်းကတမ်း လက်တွေကို ခါယမ်းပြလိုက်ပြီး ငြင်းပယ်လိုက်၏။ "ဟင့်အင်း! ရှင် အနားကပ်မလာနဲ့နော်!"
"အိုခေ! အဲ့ဒါဆိုရင် ပစ္စည်းတွေ သွားယူလိုက်လေ ... မင်း အလုပ်ဆင်းတာကို ကိုယ်စောင့်နေမယ်"
ချင်းစုယွဲ့က သူမမှာ ချန်းစီနျန်ကို အလျှော့ပေးလိုက်ရသဖြင့် သူ့ရဲ့ ယုံကြည်မှုအပြည့်ဖြင့် ပုံစံအား  စိတ်အနှောင့်အယှက် ဖြစ်ရမှုကြောင့် အံကိုသာ တင်းတင်း စေ့ထားနိုင်တော့သည်။ သူ့အား မကျေမနပ်ဖြင့် စူးစူးရှရှ ကြည့်လိုက်ပြီးနောက် သူမရဲ့ ရုံးခန်းသို့ ပြန်သွားလိုက်သည်။
ချင်းစုယွဲ့ ပြန်လာသည်ကို သူမ၏ လုပ်ဖော်ကိုင်ဖက်လေးက တွေ့တော့  ဝင်းလက်တောက်ပနေသည့် မျက်ဝန်းတို့ဖြင့် ချက်ချင်းပဲ မေးမြန်းလိုက်၏။ "ဘယ်လိုလဲ? နင် အဲ့ဒီ လူချောလေးကို သိတယ်လား?"
ချင်းစုယွဲ့ကတော့ သူ့အကြောင်းကို ပြောမနေချင်တော့ပေ။ "ဘာမှမဖြစ်ပါဘူး ... ငါ အလုပ် ပြန်လုပ်လိုက်အုန်းမယ်"
ချင်းစုယွဲ့မှာ ချန်းစီနျန် သူမအား ဖုန်းခေါ်မလာခင်အချိန်ထိ နောက်ထပ် နှစ်နာရီနီးပါး အလုပ်တွေ လုပ်နေ၏။ သူဖုန်းခေါ်သည်အား ချင်းစုယွဲ့ကတော့ တွေဝေခြင်း အလျဉ်းတောင် မရှိပဲနှင့် ဖုန်းမကိုင်ပဲ ချပစ်ခဲ့လေသည်။
နောက်ထပ်တစ်စက္ကန့် အတွင်းမှာပဲ သူက ပွင့်ပွင့်လင်းလင်း ရေးထားသည့် စာတစ်စောင်ကို ပို့လာခဲ့သည်။ "မင်း ဆင်းမလာဘူးဆိုရင် ကိုယ် အပေါ်တက်လာပြီး မင်းကို လာခေါ်တာကိုလဲ စိတ်မဆိုးနဲ့နော်"
ချင်းစုယွဲ့မှာ ထိုမက်ဆေ့အား စိုက်ကြည့်လိုက်ပြီးနောက် ဒုက္ခဆင်းရဲ အပေါင်းတို့က ဦးဆောင်ရောက်ရှိလာပြီဟု ခံစားလိုက်ရသည်။ သူမက အံကိုကြိတ်ကာ အိတ်ကိုလွယ်လိုက်ရင်း မတ်တပ်ရပ်လိုက်၏။ မျက်နှာတွင် အမူအယာ ကင်းမဲ့နေလျက် အောက်ထပ်သို့ ဦးတည်ကာ လျှောက်သွား၏။ သူ့ကားက ထိုနေရာတွင်ပဲ ရပ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူမက ချက်ချင်းပဲ ကားထဲသို့ ဝင်လိုက်ပြီး လှည့်မကြည့်မိပဲနှင့် ... "ချန်းစီနျန် ကျွန်မတို့ နှစ်ယောက်ကြားမှာ ရှင်းလင်းအောင် လုပ်ကြရအောင် ... ကျွန်မကလေ မနေ့ညက ကျွန်မတို့ ဘာမှမဖြစ်ခဲ့ကြသလိုမျိုး ဟန်ဆောင်နိုင်တာမို့ နောက်ဆို ကျွန်မကိုတွေ့ဖို့ လာနေတာကို ရပ်ပေးပါ ...."