.. ၉၆ ..
18.4K 1.8K 138
《Zawgyi》
အပိုင်း - ၉၆
[မရှင်းမလင်း ဆက်ဆံရေး]
ချန်းအန်းက နွမ်းလျလျ ပုံစံဖြစ်သွားသည့် သူ့သားဖြစ်သူ ချန်းစီနျန်အား ဖျတ်ခနဲ ကြည့်လိုက်၏။ ထို့နောက် သူက ချင်းစုယွဲ့အား ... "မစိုးရိမ်ပါနဲ့ သမီး" ဟု ပြောလိုက်ပြီး ချန်းစီနျန်အား တိုက်တွန်းလိုက်၏။ "မြန်မြန်မောင်းပါကွာ ...  နေ့လည်စာစားပြီးရင် ငါက မင့်အန်ကယ်ဖုန်းဆီကို အလည်အပတ် သွားမလို့"
ချန်းစီနျန်က ကားစတီယာဘီးကို လှည့်လိုက်ရင်း စိတ်အလိုမကျစွာ ပြောလိုက်သည်။ "Aမြို့မှာ ပါး လုပ်စရာတွေ အများကြီးရှိနေသေးရင်လည်း ဘာလို့ ကျွန်တော့်ကို လာရှာနေသေးတာလဲ?"
"မင်းနဲ့ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိသေးလို့ လာတာလေ ဒါမှမဟုတ်ရင် ငါ့က မင့်ကို တွေ့ချင်တယ်များ ထင်နေလား?"
"ကျွန်တော်ကလည်း ပါးကို မတွေ့ချင်ပါဘူး"
"ဒီအရူးကောင်ကတော့!"
ထိုနေရာတွင် ထိုင်နေသည့် ချင်းစုယွဲ့မှာတော့ ဆွံ့အသွားတော့သည်။
မှန်တယ်! ငါ လုံးဝကို ပါးစပ်မဟသင့်ဘူး
************
ရှန်ကျင်းမြို့မှာတော့ ချန်းစီနျန်၏ သူငယ်ချင်းဖြစ်သည့် ကျွမ်ကျူးနှင့် အခြားသူများမှာ ယနေ့မှ ပြန်ရောက်လာသည့် မော့ပေနှင့်အတူ တွေ့ဆုံစုစည်းနေကြ၏။
သီးသန့်ခန်း အတွင်းတွင် ကျွမ်ကျူးက သူ့ဝိုင်ခွက်အား ကိုင်မြှောက်ရင်း မေးလိုက်သည်။ "မင်း ပြန်လာပြီးတော့ အခု ရှန်ကျင်းမြို့မှာပဲ တော်တော်ကြာအောင် နေတော့မယ်လို့ စီစဉ်နေတာလား?"
မော့ပေက သူ့ဝိုင်ခွက်ကို မြှောက်လိုက်ကာ ကျွမ်ကျူး၏ခွက်နှင့် တိုက်လိုက်ပြီး ... "အင်း ငါ ဒီနိုင်ငံထဲမှာပဲ ငါ့အလုပ်ကို ချဲ့ထွင်ပြီး အောင်မြင်အောင် လုပ်တော့မလို့ စီစဉ်နေတာ ... ငါ့အဖွားနဲ့ အခြားသူတွေကလဲ ငါ့ကို ပြန်လာဖို့ တိုက်တွန်းနေတာ မင်းသိတဲ့အတိုင်းပဲ"
ကျွမ်ကျူးက ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပြီးတော့ ... "မင်း အရူးလားကွာ? သူတို့က မင်းကို ပြန်လာစေချင်တာနဲ့ပဲ မင်းက တကယ့်ကို လိမ်လိမ်မာမာနဲ့ သူတို့စကားကို နာခံပြီး ပြန်လာခဲ့တယ်ပေါ့? တခြား ကိစ္စဟောင်းလေး တချို့ကြောင့် မင်း ဒီကို ပြန်လာတာ မဟုတ်ဘူးလားကွ? ချမ်းသာတဲ့ အထက်တန်းလွှာ အိမ်တော်တွေရဲ့ မိန်းကလေးတွေ အားလုံးက သူတို့တွေထဲက ဘယ်သူ့ကို မင်း ရွေးချယ်မလဲဆိုတာကို တွေ့ရဖို့ တန်းစီစောင့်ဆိုင်းနေကြတာကို!"