Extra part

537 36 1
                                    

အခုဆိုCarolလေးက၄နှစ်ရှိပြီCarolလေးရောက်လာတဲ့အချိန်ကစပြီးအိမ်လေးကပိုအသက်ဝင်လာတယ်ရိပေါ်ရဲ့လုပ်ငန်းတွေကလဲပိုတိုးတက်လာပြီးစီးပွားရေးလောကမှာဘုရားတစ်ဆူဖြစ်နေပြီ ရှောင်ကျန့်ကလား ပြောရမယ်ဆို Carolလေးရောက်လာပြီးတစ်နှစ်အကြာမာရှောင်ကျန့်ခြေထောက်ကိုခွဲစိတ်တယ်Carol လေးရဲ့ပါးပါးကမသန်စွမ်းလို့အပြောခံရမှာစိုးလို့လေ့ကျင့်ခန်းတွေကြိုးစားလုပ်တယ် အခုဆိုပြန်ကောင်းလို့carolလေးနဲ့ညနေခင်းတိုင်းပန်းခြံလေးထဲလမ်းလျှောက်ဖြစ်တယ်
ရိပေါ်ကတော့အခုထိရှောင်ကျန့်ကိုဆိုသဲသဲလှုပ်တုန်း Carolလေးကိုဆိုရင်တော့ရှောင်ကျန့်မနာလိုရလောက်အောင်ကိုချစ်တယ်သူတို့မိသားစုလေးကအေးချမ်းတယ် ဒီလိုမိသားစုလေးကလွယ်လွယ်နဲ့ဖြစ်လာနာမှမဟုတ်ဘဲ

ဒီနေ့ကcarolလေးကျောင်းစတက်ရမယ့်နေ့ရှောင်ကျန့်အရမ်းပျော်နေတယ် ကျောင်းဝတ်စုံလေးလွယ်အိတ်လေးနဲ့ချစ်ဖို့ကောင်းနေတဲ့carolလေးကိုကြည့်ပြိးဝမ်းသာမျက်ရည်တောင်ကျမိတယ် ဒါကမိဘတိုင်းလိုလိုရဲ့ခံစားချက်ဘဲလေ
ရှောင်ကျန့်ထက်ပိုဆိုးတာကရိပေါ်carolလေးကိုအိမ်ကမထွက်ခင်ကတည်းကမှားလိုက်တဲ့အမှာစကားရှောင်ကျန့်တောင်တားယူရတယ်
ကျောင်းပေါက်ဝမှာခါးလေးကိုင်းပြီးနှုတ်ဆက်တဲ့carolလေး

"ကောင်းသောနေ့ပါ ဒယ်ဒယ်နဲ့ပါပါး သားသားကျောင်းထဲဝင်တော့မယ်"ပြောပြီးကျောင်းဝင်းထဲပြေးသွားတဲ့လုံလုံးလေးကိုကြည့်ပြီးရိပေါ်နဲ့ရှောင်ကျန့်အူယားမိတယ် နှုတ်ဆက်ရမယ်လူကြိးတွေကိုတွေ့ရင်ဆိုတဲ့အသိကိုရှောင်ကျန့်ကစွဲနေအောင်သင်ပေးထားတယ် ဒါမဲ့ရှောင်ကျန့်ကစိတ်ပူတယ် carolလေးမှာမေမေမရှိဘဲ အဖေနှစ်ယောက်ဘဲရှိတာကြောင့်အနှိမ်ခံရမာကိုရိပေါ်ကအားပေးတယ်စိတ်မပူဖို့carolလေးကလဲနားလည်တယ် ဘယ်တော့မှမမေးဘူးပြီးတော့ရှောင်ကျန့်ပိုစိတ်ချရတာက carolလေလေးရဲ့မူကြိုကျောင်းပိုင်ရှင်ကရိပေါ်ရဲ့အကိုဝမ်းကွဲဟိုက်ခွမ်းဆိုတော့ စိတ်ချရပါတယ် carolလေးကျောင်းထဲဝင်သွားပြီးနောက် ရိပေါ်နဲ့ရှောင်ကျန့်ကားထဲပြန်ဝင်လာတယ်ရိပေါ်မျက်နှာပျက်နေတယ်ဘာကြောင့်လဲမေးစရာမလိုအောင်ရှောင်ကျန့်ကသိနေတယ်သူရိပေါ်ကိုဖက်ပြီးပြောလိုက်တယ်

Our Winter's TaleWhere stories live. Discover now