.. ၉၁ ..
15K 1.3K 7
《Zawgyi》
အပိုင်း - ၉၁
[ရှန်ဝမ်းယန့် ပြန်လာပြီ - ၂]
ချင်းစုယွဲ့က သူမတို့အား နှုတ်ဆက်လိုက်ပြီးနောက် စည်းဝေးခန်းမကိုသာ တန်းတန်းမတ်မတ် သွားလိုက်လေသည်။ ချင်းစုယွဲ့မှာ ပွဲတစ်ခုလုံးရဲ့ အစီအစဉ် အသွားအလာအား တင်ဆက်သူများနှင့် ထပ်မံအတည်ပြုလိုက်ပြီးနောက် သူမက အဝတ်အစားလဲလှယ်ကာ မိတ်ကပ်လိမ်းခြယ်လိုက်သည်။
ညနေခင်း ပွဲတက်ဝတ်စုံအား ကျောင်းမှ ဆန်းသစ်ခေတ်မှီစွာ ပြင်ဆင်ပေးထား၏။
ချင်းစုယွဲ့မှာ နီလာပြာလဲ့လဲ့ ညနေခင်းပွဲတက်ဝတ်စုံအား မြင်တွေ့လိုက်ရချိန်မှာတော့ အတော်လေး ရှော့ရသွားတော့သည်။ ကျောင်းက ပွဲတက်ဝတ်စုံတွေက ဘယ်အချိန်စပြီး အရည်အသွေး အရမ်းကောင်းသွားရတာလဲဟ?"
နီလာပြာလဲ့လဲ့ အရောင်ရှိသည့် ဝတ်စုံမှာ မြေပြင်ထက်တွင် နူးညံ့ညက်ညောစွာ ပုံကျနေ၏။ ခါးအထက်တွင် ကပ်ကပ်ချပ်ချပ် ဖြစ်နေသည့် ဒီဇိုင်းက သူမအား ပိုလို့ပင် သွယ်သွယ်လျလျနှင့် အရပ်ပိုမိုရှည်သွယ်လာသည်ဟု ထင်ရစေသည်။ ချင်းစုယွဲ့တစ်ယောက်မှာ Vပုံစံ လည်ပင်းပေါက်တွင် ထည့်မြှုပ်ထားသည့် မျက်စိကျိန်းဖွယ် တလက်လက် တောက်ပလို့နေသည့် စိန်ပွင့်များအား တွေ့လိုက်ရချိန်မှာတော့ ဤသို့ တွေးမိသွားလေသည်။ : ကျောင်းက တော်တော်လေး အကုန်အကျခံပေးထားတာပဲ
ထင်ထားသည့်အတိုင်းပါပင် ထိုဝတ်စုံမှာ သူမ၏ခန္ဓာကိုယ်လေးထက်တွင် တော်တော်လေးကို ကြည့်ကောင်းလှ၏။
ချင်းစုယွဲ့ဟာ အဖျားချွန်သွယ်သွယ်လေးနှင့် အဖြူရောင် ဒေါက်ဖိနပ်အမြင့်အား စီးလိုက်ရင်းနှင့် ထိုဖိနပ်လေးမှာပါ စိန်ပွင့်လေးတွေ မြှုပ်နှံထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ဝတ်စုံမှာ ထိုဒေါက်ဖိနပ်အမြင့်လေးနှင့် လိုက်ဖက်ကြည့်ကောင်းလှ၏။
မဆိုးဘူးပဲ
ချင်းစုယွဲ့၏ဝတ်စုံမှာ လူပေါင်းများစွာ၏ အသက်ရှူသံတွေကို မြန်ဆန်စေ၏။ ညနေခင်းပါတီ စတင်ချိန် အစီအစဉ်တင်ဆက်သူ လေးယောက် ပေါ်ထွက်လာချိန်မှာတော့ ပရိသတ်ထုကြီးက လုံးဝကို တိတ်ဆိတ်နေကြသည်။ မိနစ်အနည်းငယ် ကြာသည့်အခါမှာတော့ စီခနဲအော်သံတွေ ရွှင်မြူးတက်ကြွသည့် ရယ်မောသံတွေဟာ နေရာအနှံ့မှ ထွက်ပေါ်လာကြလေ၏။