.. ၉၂ ..
15K 1.4K 4
《Zawgyi》
အပိုင်း - ၉၂
[ရှန့်ဝမ်းယန့် ပြန်လာပြီ - ၃]
"ငါလဲ မကြားမိဘူးဟ ... ငါတို့ ခဏနေကျရင် သိရမှာပဲ မဟုတ်ဘူးလား"
ချင်းစုယွဲ့ဟာ သူမရဲ့ ဝတ်စုံလေးကို မ ကာ စင်မြင့်ရဲ့ အလယ်သို့ ကျက်သရေရှိပြီး နူးညံ့လှပစွာ လမ်းလျှောက်လာ၏။ သူမက နောက်ထပ် အစီအစဉ်အား ကြေငြာလိုက်ပြီး စင်ရဲ့ထောင့်မှ ဆင်းသွားတော့မည့်အချိန်မှာပဲ စင်မြင့်ရဲ့ ပတ်ပတ်လည်ရှိ မီးများအားလုံးက မှိန်ကျသွားသည်ကို သတိပြုမိလိုက်သည်။ ထို့နောက်မှာပင် စင်မြင့်ရဲ့ ဘေးတစ်ဖက်မှ  လမ်းလျှောက်ပြီး ထွက်လာသည့် တင့်တယ်လှသော ပုံရိပ်သဏ္ဌာန်တစ်ခုက ပို၍ ရှင်းလင်းလို့လာပါ၏။
ထိုမိန်းကလေးက ပုခုံးကြိုးပျောက် ဘေးတွင်ခွဲထားသည့် ဝတ်စုံအား ဝတ်ဆင်ထားပြီး ဆံပင်ကတော့ ပုခုံးထိရှည်၏။ သူမက သဘာဝကျကျ တင့်တယ်စွာဖြင့် စင်မြင့်၏ အလယ်သို့ လျှောက်လှမ်းလာသည့်အခါတွင် မီးရောင်တွေကလည်း ပြန်လည် လင်းလက်လာတော့သည်။
ထိုမိန်းကလေး ဆင်မြန်းထားသည့် မျက်ရည်စက်သဏ္ဌာန် လည်ဆွဲနှင့် လက်ဝတ်တန်ဆာတို့မှ စိန်တို့ကြောင့် စင်မြင့်၏ထောင့်တွင် မတ်တပ်ရပ်နေသည့် ချင်းစုယွဲ့မှာ မျက်လုံးကန်းတော့မလိုပင် ခံစားလိုက်ရသည်။
ချင်းစုယွဲ့မှာ သူမ၏ မျက်ဝန်းတွေအား ဖြေးဖြေးချင်း စောင်းကြည့်ရင်း ထိုမိန်းကလေးက အပြုံးရေးရေးနှင့် လူတိုင်းအား သူမကိုယ်သူမ မိတ်ဆက်လိုက်သည်ကို နားထောင်လိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ ... ကျွန်မက ရှန်ဝမ်းယန့်ပါ!"
ပရိသတ်ထုကြီးမှာ ရှော့ရသွားတော့သည်! သူမက ကျောက်မျက်ရတနာ လောက က နာမည်ကြီး ရှန်ဝမ်းယန့်လား?! သူက ရှန်ကျင်းကောလိပ်ရဲ့ နှစ်ပတ်လည် အခမ်းအနားကို တကယ်ကြီး ရောက်လာတယ်ပေါ့!
ကင်မရာမီးရောင်တွေက မရပ်မနားပဲ တဖျတ်ဖျတ် လင်းလက်သွား၏။
ချင်းစုယွဲ့ကတော့ သတိလက်လွတ်ဖြစ်နေကာ နေရာမှ မရွေ့လျားပေ။ ရှန်ဝမ်းယန့်? သူက စာအုပ်ထဲက မူရင်း ဇာတ်လိုက်မိန်းကလေး ရှန်ဝမ်းယန့်ပေါ့?! သူက ပြန်လာတာလား? သူက ဒီအချိန်မှာ တကယ်ကြီး ပြန်လာတယ်!