2

1K 102 5
                                    

My girlfriend is Fujoshi 2

မနက်စောစော ကျောင်းထဲမှာ လူတွေရှုတ်ရှုတ်ဖြစ်နေပြီး ဆူညံနေရင် သွားမကြည့်နဲ့ အဲ့တာကျောင်းကန်တင်းပဲ
အိန္ဒြေတစ်ခွဲသားနဲ့ထိုင်ပြီး မုန့်မှာနေလို့ကတော့ မိုးသာချုပ်သွားမယ် မုန့်ကစားရမှာမဟုဘူး

မျိုးမြတ်ကို ဒီကျောင်းမှာတက်မယ်ဆိုထဲက ကိုကိုကမှာထားပြီးသား  မြန်မြန်မှာ အနားမှာသွားစောင့် ကိုယ့်စားချင်တဲ့ပွဲဆို ဘယ်သူဟာဖြစ်ဖြစ်ဆွဲသာစားတဲ့
ဘယ်ရမလဲ မျိုးမြတ်တဲ့ တစ်မျိုးထဲတစ်မြတ်ထဲပဲရှိတယ် နှစ်မျိုးရှိရင်ချက်စားပစ်မယ်

ကျောင်းရောက်တာလဲ တစ်လလောက်ရှိပြီဆိုတော့ အထာကနပ်နေပြီလေ ဟင်းဟင်း

ကန်တင်းထဲရောက်တာနဲ့ "မင်းမင်းခုံသွားဦး ငါသွားမှာမယ်"

"အန်တီရေ လ္ဘက်ထမင်း ကြက်ဥဒေးဗစ်အုပ် ထမင်းဖြူကြက်သားချဥ်ပေါင် ထမင်းဖြူငါးမွေးထိုး ထမင်းဖြူပုဇွန်ချဥ်ပေါင် ခေါက်ဆွဲ အမှုန့်မထည့် လီမွန်၅ခွက်"

အသက်မရူဘဲ တရပ်စပ်အော်နေတဲ့အသံကြောင့် ဘေးကိုကြည့်မိတော့ ဟိုနေ့ကကောင်မလေးဟ

ကြက်တောင်နှစ်ဖက်ခွဲစီးထားတဲ့ဆံပင်တွေတရမ်းရမ်းနဲ့ စားဖိုဆောင်ထဲခေါင်းဝင်ပြီးအော်တေတဲ့ကောင်မလေး

"အာ့ ဦးရေ လီမွန်က အကုန်အအေးတွေပဲနော်"

ပါးစပ်ကပြောလဲပြော ကောင်တာ ပေါ် ကတစ်သျူးဘူးကိုယူပြီး သူ့သူငယ်ချင်းဝိုင်းသွားချတယ်

"မျိုးမြတ်ရေ ငါတို့လဲ တစ်သျူး"
ဘေးဝိုင်းကကောင်လေးတွေက အော်တော့အဲ့ကောင်လေးတွေဝိုင်းလဲချပေးတယ်

"မီးလေးရေ မကြီးတို့ကိရေနွေးဘူးလေး"

"လာပြီ မကြီးရေ"
သူ့ခန္ဓာကိုယ် ဝတုတ်တုတ်လေးနဲ့ လိမ့်လိမ့်လိမ့် လျှောက် သွားပြန်ရော

ရဲကျော်စွာလဲ ကိုယ့်ဝိုင်းကို ပြန်ထိုင်ပြီးအဲ့ကောင်မလေးကိုကြည့်နေတာ

"ဝက်မ"
သွားနေတဲ့လူကရပ်သွားတယ်
ကိုယ်တွေဝိုင်းလဲ စကားပြောနေတာရပ်ပြီး ခေါ် နေတဲ့ကောင်လေးဝိုင်းကိုကြည့်လိုက်တယ်

My Girlfriend is a fujoshiWhere stories live. Discover now