.. ၉၈ ..
17.3K 1.8K 111
《Zawgyi》
အပိုင်း - ၉၈
[ကိုယ့်ကို အကြောင်းပြချက်ပေး]
ရှန်ဝမ်းယန့် သူ့ကို နမ်းခဲ့တုန်းက သူ ကျောင်းသားကောင်စီ ဥက္ကဌ ဖြစ်ခဲ့စဉ် ကျောင်းသားကောင်စီ အတွင်းရှိ သူ့ရုံးခန်းထဲတွင် သူတို့နှစ်ယောက် ရှိခဲ့ကြတာဖြစ်၏။ ထိုအချိန်တုန်းက သူ့ရုံးခန်းထဲတွင် ဘယ်သူမျှ မရှိခဲ့ပေ။ ရှန်ဝမ်းယန့် သူ့ကို နမ်းခဲ့သည့် အချိန်တွင် သူက ပြတင်းပေါက်နှင့် တံခါးပေါက်အား မျက်နှာမူလျက် ရှိနေခဲ့တာ ဖြစ်သည်။ အကယ်၍ မျက်နှာချင်းဆိုင်တွင် တစ်စုံတစ်ဦး ဖြတ်သွားခဲ့ပါကလည်း သူက ထိုဖြတ်သွားသည့်သူအား ရှင်းရှင်းလင်းလင်းပဲ မြင်တွေ့နိုင်ခဲ့မှာပင်။
တကယ့် အဖြစ်မှန်မှာ ထိုနေရာတွင် မည်သူမျှ မရှိခဲ့ချေ။ အဲဒါကို ချင်းစုယွဲ့က ဘယ်လိုလုပ် ဒါ​တွေကို သိနေခဲ့ရတာလဲ?!
ချင်းစုယွဲ့ကတော့ သူမက သူ့ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်နိုင်သဖြင့် သူက စိတ်ဆိုးနေခြင်း ဖြစ်သည်ဟု ထင်မှတ်သွားလေ၏။ သူမက နှာခေါင်းတွန့်လိုက်ရင်း ... "ချန်းစီနျန် ရှင့်ရဲ့ စကားလမ်းကြောင်းလွှဲတဲ့ စွမ်းရည်က တော်တော်လေးကို ကောင်းတာပဲရှင် ... အခု ကျွန်မတို့က ရှင် .. ရှန်ဝမ်းယန့်နဲ့ ကျွန်မတို့အကြောင်းကိုပဲ ရှင်းရှင်းလင်းလင်း ပြောနေတာပါနော်"
"ကိုယ်နဲ့ ရှန်ဝမ်းယန့်နဲ့ကြားမှာ ဘာမှမရှိတာ ရှင်းရှင်းလေးပဲလေ"
"သူက ရှင့်အပေါ်မှာ ဘာခံစားချက်မျိုးမှ မရှိပါဘူးလို့ ရှင် ကျိန်ပြောဝံ့လား?"
ထင်ထားသလိုပါပဲ ချန်းစီနျန်က တိတ်ဆိတ်သွား၏။
ချင်းစုယွဲ့က ထပ်မံ ရယ်မောလိုက်ပြီး ... "အဲဒါဆိုရင် ချန်းစီနျန် .. အခု ရှင့်ရဲ့ ခံစားချက်တွေကို ကျွန်မအပေါ် ထားရှိနိုင်ပေမယ့် အဲဒါက လုံးဝကို အစစ်အမှန် မဟုတ်ပါဘူး! ရှင် ကျွန်မကို တကယ်ကို မကြိုက်သလို ကျွန်မကလဲ ရှင့်ကို မကြိုက်ဘူး ... ကျွန်မတို့ အတူတူ ရှိနေကြရင်လည်း ဘယ်ရလဒ်မျိုးမှ ဖြစ်လာမှာ မဟုတ်ဘူး"
"မင်းက ရှန်ဝမ်းယန့်ကို အဲ့လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်တာလား?"