Ep ~~~ (10)☔☔

259 33 11
                                    

"Plan ကလေး ခေါင်းမူးနေလို့လား...
ကိုယ့်မှာဆေးပါတယ် သောက်မလား"

ပြင်ဦးလွင်တောင်တက်လမ်းကို
စတက်ကတည်းက P'Nui ကျွန်တော့်ကို အရိပ်တကြည့်ကြည့်လုပ်နေတာသိတာပေါ့...
ကျွန်တော်က နဂိုထဲက နည်းနည်းချူချာတယ်မလား...
ခုလဲ တောင်တန်းကြီးတွေကိုငေးမောရင်း
အတွေးတွေနယ်ချဲ့နေတာကို ခေါင်းမူးတယ်ထင်ပြီး
အရမ်းစိုးရိမ်နေရှာတာ...
P'ရယ် ဝဋ်ကြီးလိုက်တာဗျာ...
P'က ကျွန်တော် အားနာရလောက်အောင်ထိ
ကျွန်တော့်အတွက် အမြဲအသင့်ရှိနေခဲ့တယ်...
အဲ့ဒါတွေကို ကျွန်တော်ဘယ်လိုပြန်ပေးဆပ်ရမလဲဟင်...
ကျွန်တော်ပြန်ပေးနိုင်တာက P'အတွက်ပျော်ရွှင်မှုလေးပါပဲ...
အဲ့ဒါကြောင့် P'စိုးရိမ်နေမှာစိုးလို့ ပြုံးပြပြီး ခေါင်းခါပြလိုက်တယ်...
ဟုတ်တယ်လေ ကျွန်တော်မှခေါင်းမူးမနေတာ...

"ဟင့်အင်း ရတယ်P'...ကျွန်တော်ခေါင်းမမူးပါဘူး"

"ဟုတ်လား...တော်သေးတာပေါ့..
ကလေးစိတ်ထဲနေလို့မကောင်းရင်
ကိုယ့်ကိုပြောနော်"

"အဟင်း နေလို့ကကောင်းတယ်...
ဒါပေမဲ့အိပ်ချင်တယ်"

"အဲ့ဒါဆို ကိုယ့်ကိုမှီပြီးအိပ်လိုက်လေ..
ရောက်ဖို့က လိုသေးတယ်"

"အင်း အဲ့ဒါဆို ကျွန်တော်ခဏအိပ်မယ်နော်"

Planပြောလဲပြော P'Nuiရဲ့ပုခုံးပေါ်
ခေါင်းမှီချလိုက်တယ်...
P'က ကျွန်တော့်ပုခုံးကိုဖက်ထားပြီး ခေါင်းလေးကိုဖွဖွလေး ပုတ်ကာချော့သိပ်ပေးနေတော့
ကျွန်တော့်စိတ်တွေ ထူးဆန်းစွာပဲ တည်ငြိမ်အေးချမ်းသလိုခံစားရတယ်...
ကျွန်တော် ဒီလိုမခံစားရတာ ကြာနေပြီမလား......
ဒီခံစားချက်ကိုသဘောကျလို့ ကျွန်တော်ပြုံးလိုက်မိတယ်....
သိပ်မကြာခင်ပဲ ကျွန်တော်အိပ်စက်ခြင်းကမ္ဘာကို
ရောက်ရှိသွားခဲ့တယ်...အပြုံးတစ်ပွင့်နဲ့အတူပေါ့....

သူ့ရင်ခွင်ထဲမှာ ပြုံးယောင်သန်းပြီး
အိပ်ပျော်နေတဲ့ ကောင်လေးကိုငုံ့ကြည့်ပြီး Nuiပြုံးလိုက်မိတယ်...ဒီအချိန်လေးကို ထာဝရဖြစ်စေချင်တယ် ကလေးရယ်...
အိပ်ပျော်နေတဲ့ ကလေးရဲ့ခေါင်းလေးကို
မချင့်မရဲစွာနဲ့ ဖွဖွလေးငုံ့နမ်းလိုက်ပြီး ကလေးကိုတင်းတင်းဖက်ထားမိတယ်...
ကားပြတင်းပေါက်ကိုကျော်လွန်ကာ
ဟိုးအေဝးက လှမ်းမြင်နေရတဲ့ယေ
တောင်တန်းပြာကြီးတွေကို ငေးကြည့်ရင်း
ကလေးနဲ့စတွေ့ခဲ့တဲ့အချိန်တွေကို တရိပ်ရိပ်မြင်ယောင်မိပြန်တယ်..

💙💚မိုးနှင့်အတူ (မိုးနှင့်အတူ)💚💙 (COMPLETED)Where stories live. Discover now