.. ၉၉ ..
17.4K 1.9K 120
《Zawgyi》
အပိုင်း - ၉၉
[ ကိုယ် ဒီမှာ ရှိတယ်]
ချင်းစုယွဲ့က သူမရဲ့ တိုက်ခန်းသို့ ပြန်ရောက်ပြီးသည့်နောက် ဟိုလှိမ့်ဒီလှိမ်နှင့် အိပ်လို့မပျော်နိုင်ချေ။ နောက်ဆုံး သူမ အိပ်ပျော်သွားသည့် အချိန်မှာလည်း အိပ်မက်ဆိုးတွေ မက်လေ၏။
အိပ်မက်ထဲတွင် ကားက ဘယ်နေရာကို ဦးတည်နေသလဲ သူမ မသေချာပေ။ နောက်ဆုံးမှာ သူမ လမ်းပျောက်သွားပြီး ကားရဲ့ တည်နေရာပြစနစ်ကပင် သူမ ဘယ်ကိုရောက်နေမှန်း မသိနိုင်တော့ပေ။
ချင်းစုယွဲ့က လမ်းဆုံတွေကို ဖြတ်သန်းလာခဲ့ပြီး တည့်တည့်သာ ဆက်မောင်းလာခဲ့ပေမယ့် လူစိမ်းတစ်ယောက် ရောက်လာပြီး သူမ လမ်းမှားကြီးကို မောင်းနေတာ ဖြစ်ကြောင်း ပြောလေ၏။ သူမက စိတ် ပြန်တည်ငြိမ်သွားပြီး ကမ္ဘာပေါ်တွင် လူကောင်း တချို့တလေလည်း ကျန်နေသေးကြောင်း တွေးနေမိ၏။
သူမ ဂငယ်ကွေ့ ပြန်ကွေ့လာပြီး မီတာ ရာပေါင်း အနည်းငယ်လောက် မောင်းပြီးသွားချိန်၌ သူမကို လူတွေက ဝိုင်းပတ်ထားတော့သည်။ ခြောက်ယောက် ခုနှစ်ယောက်လောက် ရှိမည့် လူတစ်စုဟာ သူမရဲ့ကားကို ဝန်းရံတားထားလျက် ခေါင်းဆောင်ဖြစ်သူမှာ သူမအား လမ်းညွှန်ပြပေးခဲ့သည့် 'လူကောင်း'ဟူသည့် တစ်ယောက်ပင်။
ထိုလူ၌ ရက်စက်ကာ အန္တရာယ်ပေးမည့် မျက်နှာအမူအရာ ရှိနေပြီး သူမ၏ ကားမှန်အား အလွယ်တကူပင် ရိုက်ခွဲလိုက်တော့သည်။ ထို့နောက် ထိုလူက သူမအား ကားထဲမှဆွဲထုတ်ကာ စကားတစ်ခွန်းမှ မပြောပဲ သူမအား ဓားနှင့် ဟက်တက်ခွဲရန် ထိုးလိုက်လေ၏။
ချင်းစုယွဲ့၏ အစက ထိတ်လန့် ကြောက်ရွံ့ခြင်းတို့မှာ မျှော်လင့်ချက်ကင်းမဲ့ခြင်းအဖြစ်သို့ ကူးပြောင်းသွား၏။ ချင်းစုယွဲ့က သူမ၏ အိုင်ထွန်းနေသော သွေးအိုင်ထဲ လဲနေရချိန်မှာတော့ ထိုလူတွေက ရယ်မောလျက် ... "သူက ဓားချက်တွေကို တောင့်ခံနိုင်တယ်ကွ ... သိပ်တော့ ကျေနပ်စရာ မကောင်းသေးဘူး"
နံဘေးရှိ သွေးအိုင်ကြီးမှာ လတ်လတ်ဆတ်ဆတ် သွေးတို့ဖြင့် ပြည့်လွှမ်းနေကာ ချင်းစုယွဲ့မှာ ရုတ်တရက် ထိတ်လန့်သွားပြီး လန့်နိုးလာချိန်မှာတော့ သူမ၏ မျက်နှာထက်တွင်လည်း ချွေးသီးချွေးပေါက်တို့ အပြည့်ဖြင့် ဖြစ်နေခဲ့သည်။ ချင်းစုယွဲ့က အိပ်ရာနံဘေးရှိ မီးအိမ်အား ကမန်းကတန်း ဖွင့်လိုက်ကာ ပတ်ပတ်လည်အား ကြည့်လိုက်တော့ သူမက အိပ်ခန်းထဲမှာ ရှိနေသည်ကိုသာ တွေ့လိုက်ရပြီး ရူးသွပ်ပြီး လူစိတ်မရှိသည့် ဘယ်လူတွေမှ ရှိမနေသည်ကို သိလိုက်ရတော့မှ ကယ်ရာမဲ့စွာ လေးလေးလံလံ သက်ပြင်းတစ်ချက်အား တနင့်တပိုး ချလိုက်မိလေ၏။