လင်စန်းတုန်၏ အချစ်

169 9 0
                                    

The Spoil Poem !

ဝေသန္တာရာရဲ့ မဒီဒေဝီက ဘယ်လောက်အထိ စွန့်လွှတ် သည်းခံ လိုက်လျောနိုင်သလဲဆိုတာ ငါမသိဘူး ရီယွမ် ..! ဒါပေမယ့် ဇနီးလို့ခေါင်းစဉ်မတပ်ရင်တောင် ...မယားလို့တော့ နင်ခပ်ရိုင်းရိုင်းလေးပြောပါ ။ ငါကျေနပ်ပါတယ် ။ နင်ထားသလိုနေ ...နင်စေရာသွားတဲ့ နင့်ရဲ့ရုပ်သေးငါက ....နင့်အတွက်ဆို ..အို ...နင့်အတွက်ဆိုရင် !

နင်မလိုရင် ပစ်ထားလှည့်ပါ ။ ဟင့်အင်း!  လိုတဲ့ချိန်ဆိုလဲ နင်လှမ်းမခေါ်ထိပါဘူး ။ ငါကနင့်အရိပ်ပါ ။ နင့်ရဲ့...နင့်ရဲ့ ..! နင်လုပ်တာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ! ငါ့အတွက်တော့ ငါ့ယောကျာ်းက အမြဲတမ်းမှန်တယ် ! တစ်လောကလုံးမှာ ငါ့ယောကျာ်းကလွဲပြီး ဘယ်သူ့ကိုမှ လူမထင်ဘူး ! ငါဟာ နင့်အတွက် ပါရမီဖြည့်ဘက် !

မိန်းမတွေက မုန့်ကိုသာဝေစားမယ် ...အချစ်ကိုမဝေစားနိုင်ဘူးတဲ့ !
ဟင့်အင်း ! အဲဒါ ငါ့အတွက် ဟာသပဲ ! နင်ပျော်နေတာကို ကိုကြည့်နေရရုံနဲ့တင် ကျေနပ်နေနိုင်တဲ့ မတ်မတ် တစ်ယောက်အတွက်  နင်က ငါ့ရဲ့ ထာဝရ ခင်ပွန်းတစ်ယောက်ပါ ...ငယ်လေး ရယ်!

နင်သိထား သိထားပေးပါ ။ ငါတို့တွေ လိုအပ်တယ်ဆိုတာ နင်ရဲ့ အချစ်မျက်ရည်သမ်းတဲ့ ညှို့မျက်ဝန်းကိုပါငယ်လေးရယ် ။

ချော့မြူစမ်းပါ နင့်ရဲ့ဂီတသံတွေကြား ငါအိပ်ပါလိမ့်မယ် ယောကျာ်းရယ် ။

မမရှောက်ရုန်၏ အချစ်ဦး ရီယွမ်Where stories live. Discover now